ကက်စ်မေယာဒေါ့ (Cat Maya Dog)

50 2 1
                                    

ကက်စ်မေယာဒေါ့ (Cat Maya Dog)

အပိုင်း ၄

ကျောင်းကပြန်တဲ့လမ်းမှာ
စတိုးဆိုင်တစ်ခုရှေ့ ကားရပ်ပြီး
ဦးက ခဏဆင်းတယ်
နောက်ပြီး ကားပေါ်ပြန်တက်တယ်
ကျနော့်လက်ထဲကို
တစ်ခုခုထည့်ပေးတော့ ယူလိုက်တယ်

ကြည့်မိတော့ ဆေးလိပ်တစ်ဗူး

"ဦး"

"မင်းဆီမှာ မီးခြစ်ရှိတယ်မလား
သောက်လေ"

"ဦး"

"ခဏခဏခေါ်မနေနဲ့ ကောင်ဆိုး
ဆေးလိပ်သောက်ပြီး အေးဆေးလိုက်ခဲ့လိုက်"

""ကျနော် မသောက်တော့ဘူး ဦး"

"သောက်ပါ မင်းကြိုက်တယ်မလား"

"မကြိုက်ဘူး ဦး
သူတို့သောက်လို့ ကျနော်လည်း
စမ်း‌ေသာက်ကြည့်တာ
ဦး ကျနော့်ကို စိတ်ဆိုးနေလား"

"ကျောင်းသားတစ်ယောက်
ဆေးလိပ်စမ်းသောက်တာ
စိတ်ဆိုးစရာကိစ္စမှ မဟုတ်တာကွာ"

"ဒီလိုဆို ကျနော် သောက်ပြီနော် ဦး"

"အေး"

*************

အိမ်ရောက်တော့ ဦးက
စကားလက်နဲ့စတားလုံးကို
အခန်းထဲထည့်လိုက်တယ်

"ကောင်ဆိုး လိုက်ခဲ့
ဆေးလိပ်ဗူးယူခဲ့
ဘယ်နှစ်လိပ်ကျန်လဲ"

"အများကြီးကျန်တယ်ဦး
ကျနော် ဒီတစ်လိပ်နဲ့မှ
ငါးလိပ်လောက်ဘဲ သောက်ရသေးတာ"

"မေယာ"

*သောက်လက်စ ဆေးလိပ်ပြုတ်ကျသွားတယ်
ဦးက ကျနော့်ကို မေယာလို့ခေါ်တယ်*

"အထက်တန်းပြီးတာနဲ
မင်းကို ငါနဲ့အတူနေခွင့်မပြုတော့ဘူး"

"ဦး"

"ကျနော် ဆေးလိပ်သောက်လို့လား
မသောက်တော့ဘူး ဦး
ကျနော် ဦးနဲ့ အတူနေမှာ
ဦးချစ်တဲ့ ခွေးလေး ကြောင်လေးလိုနေမှာ"

"စကားလက်နဲ့ စတားလုံး
ဆေးလိပ်သောက်တာ မင်းမြင်ဘူးလား"

"မမြင်ဘူးဘူး ဦး"

"ငါလူတွေကိုမကြိုက်တာ
ဘာလို့လဲ သိလား"

"ကျနော်မှားသွားပါတယ် ဦး"

ကက်စ်မေယာဒေါ့ (Cat Maya Dog)Tempat cerita menjadi hidup. Temukan sekarang