part-4(Uni+Zaw)

292 16 1
                                    


အဝေးမှပြေးလာရသောသူလို ဝိုင် ၏ရင်ငယ်လေးတွင်းမှတလှပ်လှပ်နှင့်မောဟိုက်နေသလိုကြီးဖြစ်နေရသည်။

ဝိုင့် ရဲ့မျက်နှာဝှက်စာလေးကိုမလွှတ်တမ်းဖတ်ရှူနေသောမောင့်ကြောင့်လဲ ဝိုင် ပို၍ပင်အနေရခက်နေမိ၏။
တချိန်တုန်းကသူသည် ဝိုင့် ရင်ထဲမှာတော့ထာဝရမောင်ဖြစ်လို့နေဆဲပင်။

ဆရာဝန်ကြီးက ဝိုင် တို့၏အရိပ်အကဲကိုကြည့်၍

"မောင်မင်းတည်တံ့ နဲ့ ဝိုင် တို့ကအသိမိတ်ဆွေတွေထင်တယ်"

"ဟုတ်ပါတယ်...ဝိုင် နဲ့ ကျွန်တော်ကအရမ်းရင်းနှီးခဲ့ကြတဲ့မိတ်ဆွေတွေလို့ပြောလို့ရပါတယ်အန်ကယ်"

"ဪ...အဲ့လိုဆိုတော့ပိုအဆင်ပြေတာပေါ့...တယောက်နဲ့တယောက်သေသေချာချာမိတ်ဆက်ပေးနေစရာမလိုတော့ဘူးပေါ့ကွာ"

ဆရာဝန်ကြီးကသူ့ထင်မြင်ချက်ကိုပြော၍ခေါင်းတငြိမ့်ငြိမ့်နဲ့သဘောလျက်ရှိနေလေသည်။

ဝိုင် တို့၏စကားဝိုင်းတွင်းသို့စကားတခွန်းမှဝင်မပြောဘဲငြိမ်နေသူက ရင်ခတ်နွယ် ။
နှုတ်ခမ်းဖျားကစကားတလုံးမှမဆိုသော်လဲ ရင်ခတ်နွယ် ၏မျက်ဝန်းတို့မှစကားပေါင်းများစွာပြောလျက်ရှိသည်ကိုတော့ ဝိုင် တစွန်းတစတွေ့ရှိနေရသည်။

ရင်ခတ်နွယ် ဆိုသောအမျိုးသမီးငြိမ်နေပုံထောက်လျှင်သူမတစုံတရာကိုသိရှိထားသည်မှာသေချာသည်။
သူမဘာတွေသိထားတာလဲ။
မငြိမ်ချမ်းနိုင်သောအတွေးတွေနှင့်အတူ ဝိုင် လွတ်လမ်းကိုရှာနေမိ၏။

"ဟို...ဆရာ ဝိုင့် ကိုတွေ့ချင်ရတဲ့အကြောင်းရင်းကဘာများလဲ...သမီးလေးကိုလေ ဝိုင် က ကစားကွင်းပို့ပေးမယ်လို့ကတိပေးထားလို့...အဲ့ဒါ"

ဝိုင် မောင့်ရဲ့အကြည့်တွေကိုရှောင်လွှဲဖို့ကြိုးစားရင်းစကားလမ်းကြောင်းကိုလွှဲလိုက်မိ၏။

ရင်တွင်းဂဏာမငြိမ်ခြင်းတွေနှင့် ဝိုင့် ခြေဖျားလက်ဖျားတွေမှာအေးစက်လို့နေရသည်။

"ပါးပါးမီးမီးလက်ရေးနာလို့"

ငိုမဲ့မဲ့နှင့်ပြောလာသောသမီးလေးကြောင့်သူ့လက်ထဲဆုပ်ကိုင်ထားသည့်လက်သေးသေးလေးကို ဝိုင် ယောင်ယမ်းကာလွှတ်ပေးလိုက်မိ၏။
ဝိုင် ဘယ်လောက်တောင်ဆုပ်ကိုင်ထားမိသည်မသိသမီး၏လက်နုနုလေးမှာနီရဲလို့နေလေပြီ။

ဝိုင် (Wine)(completed)Where stories live. Discover now