part-6 (Uni+Zaw)

395 15 0
                                    


ဝေ့သီနေတဲ့မျက်ရည်တွေကြားမှတနဲ့နဲ့နှင့်ဖဲ့ခြွေခံနေရသော ဝိုင့် နှလုံးသားလေးမှာနာကျင်မှု၏အထွဋ်အထိပ်သို့ရောက်ရှိနေရသည်။

"သမီး...သမီးလေး"

တုန်လှိုက်နေသောနှုတ်ခမ်းဖျားမှရင်ဆို့သံကြီးဖြင့်မြည်ကျွေးရင်းနောက်ဆုံးအားအင်ကိုစုစည်းလျက်သမီးလေးရှိရာဆီသို့ ဝိုင် ကြိုးစားကာလျှောက်လှမ်းနေမိသည်။

ဝေဒနာငင်နေသည့်မျက်ဝန်းအိမ်မှတသဲ့သဲ့ခြွေလွှင့်လာသောမျက်ရည်စတွေကညှာတာခြင်းမရှိ။
အဆီးအတားမရှိ။

ကံကြမ္မာဓါးသွားထက်မှာမျက်ရည်စက်လက်နှင့်လည်စင်းခံနေရသော ဝိုင့် အဖြစ်ကမလူးသာမလွန့်သာနှင့်အရူးမီးဝိုင်းခံနေရသည့်အဖြစ်မျိုးလို။

"တော်ပါသေးရဲ့ကလေးလေးကတော့ကံသီပေလို့"

"................"

"ဟင်"

"..............."

ရုတ်တရက် ကြားလိုက်ရသည့်စကား​ကြောင့် ဝိုင့် နှလုံးအိမ်ကြီးမှာအရှိန်အဟုန်နှင့်ဖြတ်တိုက်ခံလိုက်ရသလိုတုန်ကနဲ။

"သမီး...သမီးလေး"

မျှော်လင့်ဇောအဟုန်ဖြင့်တရုန်းရုန်းဖြစ်နေသည့်လူအုပ်ကြီးထဲသို့ ဝိုင် အတင်းတို့ဝှေ့ဝင်လျက်မဝံ့ရဲလှသောမျက်ဝန်းအစုံဖြင့်သမီးလေးရှိရာဆီသို့အားယူကာကြည့်လိုက်မိရာတွင်။

"ဟင်...မောင်"

"..............."

ဆို့နင့်စေသောမြင်ကွင်းကြီးက ဝိုင့် အသဲညှာကိုကိုင်လှုပ်ပစ်လိုက်သည့်အလား။
မထင်မှတ်ထားသောမြင်ကွင်းကြီးကိုမြင်တွေ့လိုက်ရသည်မို့ ဝိုင် တယောက်ပါးစပ်အဟောင်းသားကြီးပင်ဖြစ်သွားရလေတော့သည်။

"မောင်"

သမီးလေးကိုထိခိုက်မှုမရှိအောင်သူ့ကိုယ်ကြီးပေါ်မှာတင်းတင်းပွေ့ထားရင်းကျောက်လမ်းပေါ်မှာငြိမ်သက်လျက်ရှိနေသောမောင့်ကိုကြည့်၍ ဝိုင်တယောက်ယူကျုံးမရစိတ်နှင့်နှလုံးအိမ်ဆီမှနင့်ကနဲစူးကနဲခံစားလိုက်ရလေသည်။
သမီးဇောနှင့် ဝိုင် ပူထူနေရသည်မို့ မောင် သမီးလေးဆီကိုဘယ်လိုရောက်သွားမှန်းတောင်သူမသိလိုက်။

You've reached the end of published parts.

⏰ Last updated: Jul 05, 2023 ⏰

Add this story to your Library to get notified about new parts!

ဝိုင် (Wine)(completed)Where stories live. Discover now