လေးနှစ်တာလွန်မြောက်ပြီးနောက်။ဒိုင်ယာရီစာမျက်နှာတို့သည်ကြွင်းကျန်ရစ်လေသောအတိတ်၏အမာရွတ်တခုလိုဒါဏ်ရာကိုမြင်လေတိုင်းမေ့ပျောက်ရန်ခက်သောနာကျင်မှုကိုအမှတ်ရနေစေလေသည်။
အဖြူရောင်ဖိတ်စာလေးပေါ်မှငွေရောင်ထွင်းထားသောအက္ခရာစာလုံးတွေကို ဝိုင် တလုံးချင်းပြန်ဖတ်နေမိ၏။
"မောင်မင်းတည်တံ့ နှင့် Doctor ရင်ခတ်နွယ် တို့၏စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ"
"ဘာလိုလိုနဲ့မောင်လက်ထပ်သွားတာလေးနှစ်တောင်ရှိသွားပြီဘဲ"
နင့်နဲ့နေသောရင်တွင်းမှစိုက်ဝင်ဖူးခဲ့သောအဆိပ်ဆူးတချောင်းကိုမထွင်နိုင်သ၍တော့ရက်လမည်မျှပင်ကြာရှည်ပါစေ ဝိုင် ၏နှလုံးသားနုနုသည်မျက်ရှရှနှင့်ဖြစ်နေရဉီးမည်ပင်။
"မောင်ရယ်"
"ပါးပါး"
ခေါ်သံနှင့်အတူလှုပ်တုတ်လှုပ်တုတ်ဖြင့်သူ့ဆီပြေးလာနေသော သက်တံ့ဝိုင်လေး ကို ဝိုင် ဆီးပွေ့ထားလိုက်မိ၏။
ပါးစုံလေးများထွက်လာသည်အထိပြုံးပြလာသောသမီးချောလေး၏မျက်နှာဝင်းနုနုလေးကို ဝိုင် ငုံ့မိုးကြည့်ရင်းနေ့စဉ်မပျက်ကွက်လေသောအပြုအမူလေးဖြင့်သမီးကိုသိပ်ချစ်ကြောင်းပြသလိုက်မိသည်။
"ရွှတ်...ရွှတ်...ရွှတ်...အား...ပါးပါး ချစ်တဲ့သက်တံ့ဝိုင်လေး ရဲ့ပါးအိအိလေးကမွှေးနေတာဘဲကွာ"
ချစ်သမီးချောလေးရဲ့ပါးအိအိလေးထဲကိုသူ့နှာခေါင်းလေးနစ်မြှုပ်သွားသည်အထိဝိုင် အားပါးတရမွှေးကြူပစ်လိုက်မိ၏။
ဝမ်းနှင့်လွယ်မွေးခဲ့ရသောသမီးချောလေးကို ဝိုင် အသက်ထက်ပို၍ချစ်ရပါသည်။
အချစ်သည်အကာဖြစ်ခဲ့မည်ဆိုလျှင်သမီးလေးသည် ဝိုင် ၏နှလုံးသားအနှစ်စစ်စစ်ပင်။"ခစ်...ခစ်...ခစ်...ပါးပါး...မီးမီးပါးရေးကမွှေးယား"
မျက်လုံးဝိုင်းဝိုင်းလေးကိုလှန်ကြည့်ကာတီတီတာတာနှင့်မေးခွန်းထုတ်လာသည့်သုံးနှစ်အရွယ်သမီးလေး၏အမေးကြောင့် ဝိုင် ပြုံးလိုက်မိလေ၏။
VOUS LISEZ
ဝိုင် (Wine)(completed)
Roman d'amourချူယူကချူပါ... ယူလိုကယူပါ... မောင်ချူယူလိုက်သောအရာတွေသည် ဝိုင် အပေးချင်ဆုံးရသဖြစ်ခဲ့လေတော့... ဝိုင်