ရင်းနှီးနေပြီးသော မှင်သေသေမျက်နှာပေး ၊ မထီမဲ့မြင်အပြုံးတစ်ခုကြောင့် အေးဂျင့်ဂျွန်မှာလှေကားကနေ အလျင်စလိုပြေးဆင်းသည်... လှေကားထစ်တွေ ဘယ်နှထစ်လောက်ကျော်ဆင်းမိမှန်းသူမသိ, ပခုံးချင်းတိုက်မိတဲ့သူတွေကိုလည်းဂရုမထားမိခဲ့ချေ...
ဒါပေမယ့် တူညီဝတ်စုံအဖြူရောင်တွေကိုသာ ဝတ်ဆင်ထားကြသည့် ယောင်္ကျားလေးစားပွဲထိုးတွေချည်းရှိနေသည်မို့ အေးဂျင့်ဂျွန်ဦးတည်ရာပျောက်သွားရ၏... သူခိုးလိုကောင်ကိုမျက်ခြေပျက်သွားရပြန်ပြီ...
ဖြစ်နိုင်သည့်ဘက်ကို တစ်ချက်လှမ်းကြည့်ကာ ထိုနေရာတစ်ဝိုက်ကိုတိုးဝင်ပြီး အသည်းအမဲရှာဖွေသည်... ဒါပေမယ့် ဧည့်သည်တွေ,သက်တော်စောင့်တွေကလွဲပြီး အဖြူရောင်တူညီဝတ်စုံတွေနဲ့သာပြည့်နှက်နေသည်မို့ အေးဂျင့်ဂျွန်မျက်ခုံးတွေစုကျုံ့သွားသည်...
စားပြီးသားပန်းကန်ကိုသိမ်းနေတာကလည်း အဖြူရောင်လူတွေ, ဝိုင်ခွက်ကမ်းနေတာလည်းအဖြူရောင်တွေ, နေရာထိုင်ခင်းဆီလမ်းညွှန်ပေးတဲ့သူတွေကလည်းအဖြူရောင်တွေ, အချိုပွဲချပေးနေတာကလည်းအဖြူရောင်တွေ...
"လူပါးဝတဲ့ခွေးကောင်... ဒီတစ်ခါမင်းမလွတ်စေရဘူး..."
လူတွေကိုတွန်းတိုက်သွားကာ ခမ်းမကျယ်ကြီးထဲတွင် မျက်စိလျင်လျင်ဖြင့် သူခိုးကောင်ကိုရှာဖွေနေသည်...
"ဟိတ်ကောင်... ဂျောင်ကု... မင်းဘာဆင်းလုပ်တာလဲ..."
တစ်နေရာကိုရောက်တော့ ယွန်းဂီနဲ့ပခုံးချင်းတိုက်မိကာ ယွန်းဂီကသူ့ပခုံးကိုလှမ်းဆွဲကိုင်ပြီးမေး၏...
"နောက်မှရှင်းပြတော့မယ်ယွန်းဂီ... ငါအခုဟိုသူခိုးကောင်ကိုတွေ့လိုက်တယ်..."
"ဘယ်သူခိုးကောင်လဲ..."
"ငါ့အိမ်ထဲပေါ်တင်ဝင်ပြီးခိုးသွားတဲ့ကောင်..."
"အမ်... မင်းမူးနေပြီလား... တွေ့တော့မင်းကဘာလုပ်မှာလဲ... ဖမ်းမလို့လား... မင်းဖမ်းလို့မရဘူးနော်ဂျောင်ကု..."
".................."
"ဒီလိုပွဲမျိုးကိုဖျက်ဆီးမိရင် မင်းဘာဖြစ်မယ်ဆိုတာ ဆက်မတွေးမိဘူးလား... ဦးနှောက်မရှိဘူးလားဂျွန်ဂျောင်ကု..."
YOU ARE READING
The Revenge Equation ☠
Fanfiction"လူတွေကကောင်းကင်ဘုံကိုတော့ရောက်ချင်ကြတယ်... ဒါပေမဲ့ ဘယ်သူမှမသေချင်ကြဘူး... ဘယ်လောက်ရယ်စရာကောင်းတဲ့ဟာသလဲ..." "An Eye For An Eye" #Myanmarsub