Episode 17

341 95 17
                                    

"ဂျွန်..."

မှန်ဘီလူးမှတစ်ဆင့် သဲကွဲကြည်လင်စွာမြင်နေရသောသူသည် သူ့ရဲ့တစ်ဦးတည်းသောသူ... နှစ်ယောက်မရှိနိုင်သော ဖြစ်တည်မှုတစ်ခုပင်...

မတွေ့ရသည့် သုံးလနီးပါးအချိန်တွင် ပြောင်းလဲခြင်းမရှိခဲ့... လူကြီးဆန်သည့် မျက်နှာတည်တင်းတင်းသည်ယခုတွင်လည်း အရယ်အပြုံးနည်းနည်းလေးတောင်မရှိချေ... 

လမ်းတစ်လျှောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည့်သူသည် စားပွဲဝိုင်းတစ်ခုတွင်တစ်ယောက်တည်းဝင်ထိုင်ကာ အစားအသောက်တချို့ကို မှာယူနေသည်... ထို့နောက် တည်ငြိမ်စွာပင် သတင်းစာတစ်စောင်ကိုဖတ်ပြီး အေးအေးလူလူပင်...

"မြင်ကွင်းရှင်းပြီလား Hwan...?"

"..............."

"တစ်ချက်တည်းနဲ့ ပြီးပြတ်ပစေ..."

ပစ်မှတ်အားချိန်ရွယ်ထားရုံကလွဲပြီး ငြိမ်သက်မြဲငြိမ်သက်နေကာ ဘာလှုပ်ရှားမှုမှမရှိသော Hwan သည် တစ်ခုခုကို အာရုံအကြီးအကျယ်ရောက်နေသည့်ပုံစံ... 

နဂိုတုန်းက ခါးကိုငုံ့ကိုင်းလျက် ခြေထောက်နှစ်ဖက်ကိုချဲ၍ရပ်ထားသော ယုံကြည်မှုအပြည့်ရှိသည့် ကိုယ်နေဟန်ထားသည် တဖြည်းဖြည်းယိုင်နဲ့လာသည်... ခြောက်ခြားလာသည်...

"Hwan??"

"Hwan... ဂျိုးဇက်ဆီက ပစ်ဖို့ပြောနေပြီ..."

လက်ရှိအခြေအနေကို မည်သို့မည်ပုံဖြေရှင်းရမည်ဆိုတာထက် သူ့ဦးနှောက်ထဲတွင်ဗလာကျင်းနေကာ စိတ်တွေလွင့်၍နေသည်... ပစ်ကွင်းမှန်ဘီလူးကနေ ကြည်ကြည်လင်လင်မြင်နေရသော လူသားကတော့ဘာမှမသိ၍ အေးအေးလူလူပင်... ကော်ဖီခွက်ကိုဇွန်းဖြင့်မွှေနေကာ ပြင်ဆင်ပေးထားသော အစားအသောက်ကိုစားနေသည်...

"ဘာလုပ်မှာလဲ Hwan...? ဘာဖြစ်နေတာလဲ..."

အရင်က အမိန့်မနာခံတဲ့အကြိမ်တွေမှာဆို Hwan က အကြောင်းပြချက်အမျိုးမျိုးပေးတတ်သည်... ယခုတွင်တော့ ခပ်တွေတွေကြီးဖြင့်ငြိမ်သက်နေ၍ တစ်ဖက်မှဂျိုးဇက်သည် စိတ်မရှည်တော့ချေ...

"အန်ဒရူး... မင်းတို့ဘာလုပ်နေလဲ... ဒီအတိုင်းကြည့်နေတာလား... တစ်ခုခုလုပ်လေ... ဒီကောင်လွတ်သွားလို့မရဘူး..."

The Revenge Equation ☠Where stories live. Discover now