ရဲတင်းလှသည့် ထယ်ယောင်း၏အပြုအမူကြောင့် Jungkook ပြန်မဖြေပဲ Seokjin ကိုသာ မေးဆတ်ပြလိုက်တော့ Jungkook ၏လည်ပင်းကို သိုင်းဖက်ထားသော သူ့လက်များကိုမဖြုတ်ပဲ Seokjin က...
"သူ့ကို မေးလို့တော့ မင်းသိရမှာမဟုတ်ဘူး ကင်မ်ထယ်ယောင်း.. သူက ငါကြိုက်တယ်ဆိုတဲ့ရေမွှေးကိုဆွတ်တာ.. ဒါမှ ငါသူနဲ့ရှိနေတိုင်း ငါကြိုက်တဲ့အနံ့လေး ရနေအောင်တဲ့"
လှောင်ရယ်သံမပါအောင် ကြိုးစားထိန်းပြီးပြောနေသော်လည်း Jungkook ၏ရင်ခွင်ထဲ မှီနွဲ့ကာပြောနေသည့် သူ့မျက်၀န်းများက အပေါ်စီးဆန်နေမည်ဆိုတာ သူ့ဖာသာသူသိနေသည်...
မေးလိုက်တာ Jungkook ကိုဖြစ်ပေမဲ့ ကာယကံရှင်က မပြောချင်သလိုဖြင့် Seokjin ကိုသာ လုပ်ချင်သလိုလုပ်ဆိုသည့်သဘောဖြင့် လွှဲထားတော့ Kim Seokjin တို့ကလည်း အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြနေလိုက်တာ မမြင်ချင်မကြားချင်မှ အဆုံး...
ထယ်ယောင်းတွေးနေသည်ကို သိပုံရသည့် Seokjin ကလည်း လှောင်ပြုံးမပျက်...
Jungkook က ငါ့အပိုင်၊ ငါဆိုတဲ့ Kim Seokjin တယောက်တည်းရဲ့အ....ပိုင်....
~~~~~~~~~~~×××××××××~~~~~~~~~~~~
Jungkookက သူ့ကိုကျောပေးကာ အိပ်နေသော Seokjin ၏အ၀တ်မဲ့ကျောပြင်လေးကို ဖွဖွပွတ်သပ်ကာ..
"bae ငြိမ်နေပါလား... တခုခုဖြစ်နေတာလား"
သူ့အရိပ်အကဲကို သူ့ထက်ပင်သိနေသော Jungkook ကြောင့်..
"ဒီနေ့ ထယ်ယောင်းက မင်းကိုလိုက်တော့မဲ့ အကြောင်း ငါ့ကိုလာပြောတယ်"
"ဘာ.. ဘယ်တုန်းကလဲ.. bae ကို ဘာလုပ်သေးလဲ"
ဆက်တိုက်မေးရင်း Seokjin ၏ကိုယ်လေးကို သူ့ဖက်ဆွဲလှည့်လိုက်ကာ စစ်ဆေးနေတော့..
"ဘာမှမလုပ်ပါဘူး.. သူဒီတိုင်း စစ်ကြေညာတဲ့သဘော"
Seokjin ၏ပုံစံက အေးအေးဆေးဆေးမို့ Jungkook အနည်းငယ် စိတ်အေးသွားရကာ လှည့်လာသော Seokjin ၏ ရင်ဘတ်ဖြူဖြူဥဥလေးဆီမှ သူ့အကြိုက်ရဆုံး အရာလေးကို နှုတ်ခမ်းပါးလေးဖြင့် ထိလိုက်လေသည်..
ထို့နောက်...
"bae ကို ကိုယ်အစောကြီးကတည်းက ပြောသားပဲ.. အဲ့ဒီတစ်ယောက်ကိုကြည့်ရတာ တစ်ခုခုပဲလို့"
YOU ARE READING
မွန်းစတား [kookjin] ✅
Fanfictionသူတို့ဘယ်လောက်ချစ်လဲဟုတ်လား? အင်း..မနက်ဖြန်နေထွက်တာမြင်ချင်သေးရင်သူတို့ကြားထဲသွားမ၀င်နဲ့... Start : 9.7.2023 End : 29.7.2023