Pt.2

3.1K 291 136
                                    

"အားလုံးပဲ မင်္ဂလာပါ... Jeon Jungkook ပါ"

"Kim Seokjin ပါ"

"ရွှီးးးးး "

"ဖြောင်း ဖြောင်း ဖြောင်း"

အတန်းထဲမှ ကြိုဆိုနေသည့် လက်ခုပ်သံများသည် ခင်မင်ရင်းနှီးချင်သည့်သဘောထားများ ရာနှုန်းပြည့်မပါသော်လည်း Jungkookတို့နှစ်ယောက်က ဂရုစိုက်မည်မဟုတ်ပေ..

သာမန်တက္ကသိုလ်မှာလာတက်တာ မဟုတ်သည့်အတွက် ဘယ်အရာမှ ရိုးရှင်းမည်မဟုတ်မှန်းကိုလည်း မျှော်လင့်ထားပြီးသား..

သို့ရာတွင် သူတို့နှစ်ဦး တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေလျှင် အရာရာကို ရင်ဆိုင်ရဲသည့်အတွက် သူတို့နှစ်ဦးစလုံးက သူများအမြင်၊ အပြောများကို အရေးကိုမစိုက်ချေ...

ခုလည်း မိတ်ဆက်သည့်အချိန်သာ လက်တွဲဖြုတ်၊ ဦးညွတ်ပြီး ထိုင်ရမည့်နေရာကို သွားရန်ပြင်တော့ အကျင့်ပါနေသည့် Jungkook ၏လက်က Seokjin ၏လက်ကို ဆုပ်ကိုင်လိုက်သည်... သူ လှမ်းမဆုပ်ကိုင်လည်း Seokjinက သူ့လက်ကို လာကိုင်မည်ဖြစ်သည်..

"၀ိုးးးး"

လှောင်သလိုလို အားကျသလိုလိုအသံများကို လျစ်လျုရှုကာ ဆက်လျှောက်လာတော့ အနောက်ဖက်တွင် ခုံအလွတ်၂ခုံ...

တစ်ခုံက ထယ်ယောင်းဘေးမှာ၊ နောက်တစ်ခုံက တခြားဖက်ခြမ်းမှာ..

ထယ်ယောင်းကတော့ သူ့ဘေးမှာ Jungkook ကို လာထိုင်စေချင်မိသည်...

Jungkookက တခြားဖက်ခြမ်းက လွတ်နေသည့်ခုံဘေးမှာထိုင်နေသော ကျောင်းသားထံသွားကာ..

"ကျေးဇူးပြုပြီး ခုံလဲပေးပါ၊ ငါတို့က ဒီနားမှာ ၂ယောက်အတူထိုင်မှာမို့"

အစကတည်းက ထိုင်နေကျနေရာမို့ ထိုကျောင်းသားက မလဲပေးချင်ပဲ ငြင်းမည့်ဟန်ပြင်လိုက်ပေမဲ့ Jungkook၏ အေးစက်စက်အကြည့်များကြောင့် တစ်စုံတစ်ခုကို စိုးရွံ့နေသည့်ပုံစံဖြင့် နောက်ဆုံးကျတော့ ထိုကျောင်းသား ထိုင်ခုံနေရာလဲပေးလိုက်သည်..

Jungkookက ချက်ချင်းမထိုင်သေးပဲ ခုံနေရာကို သေချာကြည့်နေပြီး သံချောင်းတွေ ထွက်နေတာမရှိဘူး၊ ရှစရာမရှိဘူးသေချာမှ Seokjinကို ထိုင်စေသည်..

မွန်းစတား [kookjin] ✅Where stories live. Discover now