Pt.13

2.6K 281 120
                                    

ထယ်ယောင်း၏နှာဖျား Jungkook၏ပါးထဲ နစ်၀င်သွားတော့ အကုန်ကြောင်ငေးနေကြစဥ် အရင်ဆုံးအသိ၀င်လာသည်က Jungkook..

ခွပ် !!

ထယ်ယောင်း၏မျက်နှာကို ဆွဲထိုးလိုက်ရာ ဘယ်လောက်‌တောင် အားပါသွားလဲတော့မသိ၊ တစ်ချက်တည်းနှင့် ထယ်ယောင်း၏နှုတ်ခမ်းပင် ပေါက်သွားပြီး သွေးထွက်လာသည်..

ဟက်..

နှုတ်ခမ်းမှသွေးစများကိုသုတ်ကာ လှောင်ရယ်လိုက်သောထယ်ယောင်းသည် လုပ်ချင်တာလုပ်ပြီး အလှဆုံးပြုံးနေသောသူပင်..

Jungkook သူ့ပါးကို ခပ်ကြမ်းကြမ်းပွတ်သုတ်ပြီး ထယ်ယောင်းကို ရွံရှာသလို ကြည့်နေရင်းမှ Seokjin ရှိရာဖက်ကို အလန့်တကြားကြည့်လိုက်မိသည်..

သူ ထယ်ယောင်းကြောင့် စိတ်လွတ်သွားရသည်မို့ Seokjin ဘာဖြစ်နေလဲတောင် မသိရလောက်အောင် ဖြစ်သွားသည်..

သူတို့ဖက်ကိုကြည့်ကာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားသော Seokjin ၏မျက်၀န်းများသည် ခန့်မှန်းရခက်ခဲလွန်းလှသည်...

သွားပြီ.. သူ Seokjin ကို စိတ်ထိခိုက်စေမိပြီ..

အကုန်လုံးလည်း ဆွံ့အ‌နေကြပြီး ဘာပြောရမှန်းမသိ..

"bae"

သူ သွေးပျက်သွားသလို ခေါ်လိုက်သံကြောင့် Seokjin သူ့ကို ပြန်ကြည့်‌နေသော်လည်း မြင်ပုံမပေါ်..

"ငါ ပြန်နှင့်တော့မယ်"

အကုန်လုံးကိုပြောသလို ခြုံနှုတ်ဆက်ပြီး Seokjin ချာခနဲ လှည့်ထွက်သွားတော့..

"bae.. bae"

Jungkook ကမန်းကတန်း အနောက်မှပြေးလိုက်သည်..

ကားပါကင်နားအရောက် ဆွဲလားရမ်းလား ဖြစ်နေကြတာ သူတို့နှစ်ယောက်..

"bae ခဏလေး.. ဘာဖြစ်ချင်လဲပြော၊ ကိုယ်ဘာလုပ်ပေးရမလဲ"

"ငါ့လက်ကိုလွတ်လိုက်"

"ဟင့်အင်း"

"Jungkook ငါ ဘာမှမလုပ်ဘူး မပူနဲ့"

"bae..."

"လွတ်ဆိုလွတ်လိုက်"

အေးစက်စက်လေသံကြောင့် Jungkook သူဆုပ်ကိုင်ထားသည့် Seokjin ၏လက်ကို မလွတ်ချင်ပဲ လွတ်လိုက်ရသည်..

မွန်းစတား [kookjin] ✅Where stories live. Discover now