သာယာသော နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ
ပိုတောက်ပနေလျက် ။
တစ်ချက် တစ်ချက် တိုက်ခတ် သွားတဲ့ လေပြည်နုလေးက
နှလုံးသားထဲထိ စိမ့်ဝင် သွားသည် ။
အပြုစု အယုယ ကောင်းတဲ့ ဥယာဉ်မှူးကြောင့်
ပန်းတစ်ပွင့် ဟာလက်ဆတ်စွာရှင်သန်နေခဲ့ပြီ...။“ jimin..!! "
“ အာ့! "
သူငယ်ချင်းများ အုပ်စုလိုက်သည် သူ့တို့
ထိုင်နေသော နေရာသို့ ပြေးလာကာ အဲ့ထဲမှ van သည် သူ့လက်မောင်းနှစ်ဖက်အားညစ်ကာ ဝမ်းသာအားရနှုတ်ဆက်သည်။
van ကိုင်လိုက်သော နေရာသည် ဒဏ်ရာက မကျက်သေးတာမို့ ရင်ထဲထိစိမ့်အောင် နာသွားသည်မှာ အော်လိုက်မိသည်အထိပင် ။“ အိုး ဆောရီး ငါ မသိလို့ပါ...အရမ်းနာသွားလား... jimin..."
Jeon သည် ကောင်လေးအော်လိုက်တော့ စိတ်ပူသွားကာ
ထို van ဆိုသော ကောင်လေးအား မျက်ထောင့်နီကြီးနဲ့ကြည့်လိုက်သည် ။“ van ကွာ jimin ကနေမကောင်းသေးပါဘူးဆို နည်းနည်းပါးပါးဆင်ခြင်မှပေါ့..."
“ ရပါတယ် ငါဘာမှမဖြစ်ပါဘူး..ထိုင်ကြလေ.. မတ်တပ်ကြီးတွေနဲ့...."
“ jimin သက်သာရဲ့လား..."
“ အင်း သက်သာပါပြီ...."
“ ငါတို့မှာ စိတ်ပူလိုက်ရတာ..."
“ ဟုတ်ပ့...ကျောင်းကို ဘာလို့ချက်ချင်းကြီးလာတာလဲ နားနားနေနေ နေဦးမှပေါ့...."
“ မနေချင်ပါဘူး..."
ကောင်လေး နဲ့ သူ့ သူငယ်ချင်းတွေစကားပြောနေတော့
သူ့နဲ့ Taehyung လဲ ကိစ္စတစ်ချို့ကို တိုင်ပင်နေကြသည် ။“ ငါ ဘားမှမဖြစ်ပါဘူး van ရာ..."
“ ဘားမှ မဖြစ်လို့တာ တော်သေးတယ်... jimin ရာ"
“ hyung...."
“ဟို ဟာ ho-seok hyung မို့လား..."
Taehyung သည်သူနဲ့စကားပြောနေရာမှ ho-seok hyung
လို့ခေါ်လိုက်သောကြောင့် jung kook ပင်ပြာပြာသလဲလဲ
ကြည့်လိုက်မိသည် ။“ အာ.. hyung.."
hyung သည် ပြုံးပြကာ သူတို့ဘက်ကိုလျှောက်လာတော့
Taehyung သည်ထသွားကာ hyung ဘေးနားမှ ပြန်ကပ်လျှောက်လာ၍ ပွစိပွစိနဲ့ လဲပြော နေသေးသည် ။
![](https://img.wattpad.com/cover/314346700-288-k28496.jpg)
YOU ARE READING
𝕋𝕦𝕝𝕚𝕡𝕤 🌷
Fanfictionလှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။