သစ်ရွက်ကလေးတွေ လှုပ်သလို...
နှလုံးသားလေးဟာလဲ ပုံမှန်ထက် လှုပ်ရှားနေခဲ့သည် ။.......................။
“ အင်းးး "
ကုတင်ပေါ်တွင်လူးလိမ့်နေသော ကောင်လေးသည်
မျက်လုံးကတော့မဖွင့်ပါ..။
ကုတင်အပြောင်းအလဲဖြစ်လို့ အိပ်မပျော်ဘူးမထင်ပါနဲ့
Park jimin တို့ကဘယ်နားခေါင်းထိုးထိုး အိပ်ပြီးသား ။
အကိုကတော့ တစ်ခြားခန်းမှာသွားအိပ်ကာ
သူကတော့ အကို့ အခန်းထဲမှာအိပ်သည် ။“ အင်း ဘယ်နစ်နာရီရှိပြီလဲ မထချင်သေးဘူး..."
ခန္ဓာကိုယ်ကို စောင်နဲ့လုံးလိုက်ကာ ဟိုလိမ့်
ဒီလိမ့်လုပ်နေပြန်သည်...။“ ဘုတ်! "
ဟော...
ပြုတ်ကျပြီ ။“ အား ယိုး ယိုး နာလိုက်တာ...ငါ့ဖင်.."
ဖင်လုံးလေးကို ကိုင်ကာ ညည်းနေပြန်သည် ။
“ အိပ်ချင်စိတ်ကိုပျောက်သွားတာပဲ "
မတ်တပ်ရပ်လိုက်ကာ စောင်တွေအား သေချာခေါက်ကာ
သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်သည် ။“ ငါလဲ ရေချိုးအုံးမှ "
ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည် ။
“ အကို့ ဆပ်ပြာတွေက အနံ့ပြင်းလိုက်တာ "
ပြန်ထွက်လာတော့ မှန်ရှေ့မတ်တပ်ရပ်နေမိသည် ။
“ ငါ့မှာဝတ်စရာမှမရှိတာ..."
စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည် ။
“ ဘာဝတ်ရမှာလဲ....."
“ ဒီတိုင်းကြီးနေနေရမှာလား..."
“ မဖြစ်သေးပါဘူး...."
အကို့ ဗီရိုအား ဖွင့်ကာ အကျီတစ်ထည်နဲ့
ဘောင်ဘီ တစ်ထည်အားရွေးဝတ်လိုက်သည် ။
မတက်နိုင် မရှိတော့လဲ ရှိတာ ဝတ်ရမှာပေါ့...။
ကုတင်ပေါ် လှဲချလိုက်ကာ....“ ပျင်းလိုက်တာနော်....."
“ ရောက်တုန်းလေး အကို့အိမ်နှံ့အောင်သွားဖူးသည်ရှိအောင် သွားကြည့်ရယ်..."
ကောင်လေးသည် တံခါးဖွင့်ကာ အသာလေးဆင်းသွားသည် ။
အောက်ရောက်တော့ ဧည့်ခန်းကြီးက မိန့်မိန့်ကြီး။
သူ ထိုင်မလို့လုပ်တော့...
![](https://img.wattpad.com/cover/314346700-288-k28496.jpg)
YOU ARE READING
𝕋𝕦𝕝𝕚𝕡𝕤 🌷
Fanfictionလှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။