သူတို့ဆေးရုံကို ရောက်တော့ ကောင်တာမှာ ho-seok hyung အခန်းနံပါတ်ကို မေးလိုက်သည် ။ ကောင်တာက nurse တွေသည် သူတို့အား ဝမ်းနည်းသလိုလို၊ သနားသလိုလိုကြည့်လာကြသည် ။
“ သုံးလွှာက အခန်း (107) ပါ ။ "
အခန်းကို သိပြီဖြစ်၍ နီးစပ်ရာ ဓာတ်လေကားထဲသို့ မြန်မြန်သွားလိုက်သည် ။ ဒီနေ့မှ ဓာတ်လေကားစီးရတာလည်း ကြာနေသလိုပင်။ မိနစ်အနည်းငယ်ကြာတော့ ဓာတ်လေကားသည် ပွင့်သွားခဲ့သည် ။ ထို့နောက် အပြေးအလွှားပင် အခန်းနံပါတ် (107) ကိုရှာကာ ဝင်သွားလိုက်သည် ။
/ ROOM-107/
ကုတင်ပေါ်တွင် ho-seok hyung ရှိနေကာ ၊ ကုတင်ဘေးတွင် Tae hyung ကထိုင်နေသည် ။ ဆရာဝန်တစ်ချို့နဲ့ ho-seok hyung မိဘတွေသည် ကုတင်နဲ့ အနည်းငယ်အကွာတွင် စကားတစ်ချို့ပြောနေကြသည် ။ Tae hyung ကျောပြင်သည် တစ်ခါတစ်ခါ လှုပ်ခါသွားခဲ့သေးသည် ။
ဘာလဲ၊ ဘာတွေဖြစ်နေကြတာလဲ?။တစ်ခါးပွင့်သံကြားလို့နဲ့တူသည် Tae hyung သည် သူတို့နှစ်ယောက်အား ငိုထား၍ နီရဲနေပြီဖြစ်သော မျက်လုံးတွေနဲ့အတူလှည့်ကြည့်လာသည် ။
“ Jung ..kook.."
“ Tae hyung.. "
Tae hyung သည် မတ်တပ်ထရပ်ကာ သူ့နားလာဖို့လုပ်ပေမယ့် ခန္ဓာကိုယ်သည် ယိုင်နဲ့သွားခဲ့သည် ။ သူအပြေးလေးပင် Tae hyung နားသွားလိုက်သည်။ Tae hyung သည် ပြိုပြိုလဲလဲပင် သူ့ကိုဖက်၍ ရှိုက်ကာ ငိုနေခဲ့သည် ။ Jung kook သည် ကုတင်ပေါ်က ho-seok hyung ကိုတလှည့်၊ Tae hyung ကိုတလှည့် ၊နောက် အခန်းထဲက လူတွေကို တလှည့်ကြည့်ကာ ဘာမှရေရေရာရာ နားမလည်သေး ။ သူ့နောက်ကပါလာသော ကောင်လေးကို ကြည့်လိုက်တော့ အင်္ကျီစလေးလုံးချေကာ ကြည့်နေခဲ့သည် ။ ကောင်လေးနည်း နားမလည်သေးပုံပဲ ။ သူကောင်လေးကို သူ့နားသို့ လှမ်းခေါ်လိုက်တော့ အပြေးလေးရောက်လာခဲ့သည် ။ အသိမရှိတဲ့ အခန်းထဲ ကောင်လေးအားငယ်နေမှာဆိုးလို့ပါ ။
“ Tae hyung.... ho-seok hyung ကဘာဖြစ်တာလဲ ၊ မစိုးရိမ်ရဘူးမလား ။ "
ထိုသို့မေးလိုက်တော့ Tae hyung သည်ပိုလို့ပင်ငိုလာခဲ့သည်။
“ ဘာဖြစ်တာလဲကွာ ၊ မင်းကဘာမှမဖြေတော့ ငါဘာမှနားမလည်တော့ဘူး Tae hyung ရာ ၊ hyung က ဘယ်လိုဖြစ်ရတာလဲလို့ ငါမေးနေတယ်လေ "
![](https://img.wattpad.com/cover/314346700-288-k28496.jpg)