အခန်း ၂.၁ zaw

45 0 0
                                    

                          အခန်း ၂.၁

ထိုအချိန်က သူသည် အချိန်ပိုင်းအလုပ်တစ်ခုသို့ သူသွားရာလမ်းတွင်ရှိနေပြီး လမ်းဘေးခွေးတစ်အုပ်စုသည် လေလွင့်ကြောင်တစ်ကောင်နောက်လိုက်ကာ  ကိုက်ဆွဲရန်ကြိုးစားနေသည်ကိုတွေ့လိုက်ရပြီး တဖြည်းဖြည်း သူအနားကိုရောက်လာလေသည်။

  Zhao Yan လည်း လမ်းဘေးခွေးများကိုရိုက်နက်ပြီး ကယ်တင်ဖို့ ချီတုံချတုံ ဖြစ်နေတုန်း လေလွင့်ကြောင်ကလေးက ရုတ်တရက် သူ့ခြေထောက်တွေကို  ဝင်တိုက်လိုက် ဘေးကလမ်းကြားထဲကို အမြန်ပြေးထွက်သွားသည်။

  Zhao Yan သည် မသိစိတ်က နောက်သို့ လိုက်လာပြီးနောက် သူ့အမြင်အာရုံထဲ ပြေးလာသော ထရပ်ကားကြီးနှင့် တိုက်မိကာ သူ့ခန္ဓာကိုယ်သည် မီတာဆယ်ဂဏန်းအကွာသို့ လွင့်ထွက်သွားလေသည်။

  အမှောင်ထုထဲ မကျသွားမီ Zhao Yan လည်း သူ့ရှေ့တွင်  ကြောင်ကလေးကငုတ်တုတ်ထိုင်နေကာလက်ကို ပေါ့ပေါ့ပါးပါး နမ်းနေသည်ကို ယောင်ဝါးဝါးမြင်လိုက်ပြီးနောက် ကျန်တာဘာမှမသိလိုက်ပေ။

  သူ့အသိစိတ်ထဲပြန်ဝင်လာပြီး သူ့လက်ရှိအခြေအနေကိုဆက်စပ်ကြည့်ပြီးနောက်မှာတော့ Zhao Yan စိတ်ထဲ အဓိပ္ပါယ်မဲ့တဲ့အတွေးတစ်ခုပေါ်လာခဲ့တယ်။ ဖြစ်နိုင်တာက သူသေသွားပြီး နောက်ဘဝကို ရောက်နေတာ ။ဒဏ္ဍာရီထဲကလို ငရဲဆိုတာမရှိသလို လူဝင်စားခြင်းဆိုတာလည်း မရှိဘူး။ စကြာဝဠာထဲမှာ  လွင့်မျောနေတဲ့ ဝိညာဏ်(အသိစိတ်)အကြွင်းအကျန်ပဲရှိတော့တာဖြစ်နိုင်တယ်။

  သူ့ရှေ့ရှိ အနီရောင်ကြယ်ကြီးသည် သူနှင့် နီးကပ်နေပြီး ၊ Zhao Yan သည် လက်လှမ်းမမီနိုင်သော်လည်း ၄ကို ထိချင်နေသေးသည် ——

  ဒါပေမယ့်  "ဗလာ...."

  သူသည် လွတ်လွတ်လပ်လပ် လွင့်မျောနေသော အသိစိတ်(ဝိညာဏ်) မဟုတ်ပုံမရချေ။

အတိအကျပြောရလျှင် သူသည် ခေါင်းမှ ခြေဖျားထိ တုပ်နှောင်ထားသကဲ့သို့ သူ့လက်နှင့်ခြေများ ရှိနေသည်ကို လုံးဝမခံစားနိုင်ပေ။ သူ မလှုပ်ရှားနိုင်ရုံသာမက သူ၏ အမြင်အာရုံနယ်ပယ်ကိုလည်း ရှေ့က ဧရိယာတွင် ကန့်သတ်ထားသည်။ အခုသူ့ အနေအထားက မျက်လုံးဖွင့်ထားသည်ဖြစ်စေ၊ ပိတ်သည်ထားဖြစ်စေ မခံစားနိုင်ပေမယ့် သူ့အမြင်အာရုံလမ်းကြောင်းအတွင်းက အရာအားလုံးကို အလွယ်တကူ “မြင်တွေ့နိုင်” နေပါတယ်။

ကြယ်တစ်ပွင့် ဖြစ်လာပြီးနောက် ငါလေး ကြယ်မျိုးနွယ်စုရဲ့ ဘုရင်ဖြစ်လာခဲ့တယ်Where stories live. Discover now