အခန်း ၂.၂ zaw

39 0 0
                                    

အခန်း၂.၂

Zhao Yan အနည်းငယ်စိုးရိမ်သော်လည်း သူ့ကြယ်ကိုယ်ထည်ကို အနီရောင်ကြယ်နှင့် အလွန်နီးကပ်စွာရွေ့လျားရန် မဝံ့ရဲခဲ့ပေ။ဂြိုလ်များသည် လူသားများနှင့်မတူဘဲ နီးကပ်လွန်းနေပါက အချင်းချင်း သက်ရောက်မှုပိုရှိနိုင်သည်။

  'လူသားတစ်ယောက်ဖြစ်လာနိုင်ရင် ကောင်းမှာပဲ'ဟုတွေးလိုက်မိတယ်

  အကယ်၍ သူသာ လူသားတစ်ဦးဖြစ်လာပါက၊ သူသည် ထိုကြယ်နှင့် နီးကပ်သောအကွာအဝေးသို့သွားနိုင်ကာ ထိုကြယ်ပေါ်သို့တက်ရန် အခွင့်အရေးရှိနိုင်သည့်အပြင် ထိုဆန်းကြယ်သောမှော်အစွမ်းနှင့်လည်း ထိတွေ့နိုင်မယ်။

  ဒီအတွေးပေါ်လာတာနဲ့ Zhao Yan ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် မှောင်မိုက်သွားပြီး သူ့အသိစိတ်က ကြယ်တွေဆီကနေ ထိန်းမနိုင်သိမ်းမရ လွင့်ထွက်သွားခဲ့တယ်။ သူ့အသိစိတ်က အလွန်မြန်တဲ့ အရှိန်နဲ့ ပြုတ်ကျသွားပုံရပြီး ဟိုးအနက်ရှိုင်းဆုံးအမှောင်ထုထဲ အရူးအမူး လဲကျသွားကာ ဘာဖြစ်သွားမှန်း မသိလိုက်တော့။ အချိန်အတော်ကြာမှ သူ့မျက်လုံးတွေက အလင်းရောင်ပြန်ရလာတော့တယ်။

ရေခဲများနှင့် ဆီးနှင်းများဖြင့် ဝန်းရံထားပြီး၊ အဆုံးမရှိသော နှင်းခဲများက တစ်ပြည်လုံး ပြည့်နေတော့သည်။ အေးခဲနေသော ရေခဲပြင်သည်နေရာတိုင်းတွင် ရှိနေပြီး မျက်နှာပြင်ပေါ်တွင် ပြန့်ကျဲနေသော အနီရောက်တောက်ပသောရောင်ဝါ စွမ်းအင်များက လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

  Zhao Yan သည် အေးခဲနေသော မြေပြင်ပေါ်တွင် ကိုယ်လုံးတီးဖြင့် လုံးလုံးလျားလျား လဲလျောင်းနေတော့သည်။

  Zhao Yan သူ၏လက်များကို ငုံ့ကြည့်ကာ လှုပ်ရှားရန်ကြိုးစားလိုက်တော့သည်။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ရွေ့လျားရန် အမိန့်ပေးခံရပြီး သူ၏ခြေထောက်နှင့် လက်များကိုလည်း သူကျန်းမာသော လူသားဖြစ်စဉ်အချိန်နှင့် မတူဘဲ အလိုအလျောက် လွတ်လပ်စွာ ထိန်းချုပ်နိုင်နေသည်။

  သူသည် အရင်လို ကြယ် ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေတော့မည် မဟုတ်သော်လည်း သူကိုယ်တိုင်နှင့် ကြယ်ကိုယ်ခန္ဓာကြားက ဆက်စပ်မှုကို ဖျတ်ခနဲ ခံစားနိုင်သေးသည်။ သူအခုဘယ်ရောက်နေမှန်း ပြောပြရန် မလိုအပ်ပေ၊ ဤနေရာသည် သူ့ဂြိုလ်အတွင်း၌ ရှိနေကြောင်းကိုသူသိနေသည်။ သူအလိုရှိသရွေ့ လူသားပုံသဏာန်ဖြစ်စေ ကြယ်ခန္ဓာကိုယ်ဖြစ်စေအတွေးတစ်ချက်ဖြင့်ပြောင်းလဲနိုင်ပြီဖြစ်သည်။

ကြယ်တစ်ပွင့် ဖြစ်လာပြီးနောက် ငါလေး ကြယ်မျိုးနွယ်စုရဲ့ ဘုရင်ဖြစ်လာခဲ့တယ်Where stories live. Discover now