အခန်း၃.၁ zaw

38 3 0
                                    

                             အခန်း ၃.၁

Zhao Yan အနည်းငယ်စိတ်ပျက်သွားပြီး လက်လျှော့တော့မည်ဖြစ်သော်လည်း သူနှင့် မိုင်ပေါင်းများစွာအကွာတွင် ဆင်တူသောသားရဲခြေရာတစ်ခုကို ဖျတ်ခနဲတွေ့လိုက်ရသည်။

  အရင်က ဒီနေရာကို ဖြတ်ကျော်သွားတုန်းက ဒီလိုခြေရာတွေ မရှိဘူးခဲ့ဘူးဆိုတာ သေချာပါတယ်။

  ဘယ်တုန်းကပေါ်လာတာလဲ?  သူလုံးဝသတိမထားမိလိုက်ဘူး။

  ရုတ်တရက် ခြေရာများ နှင့် မနီးမဝေး လေဖိအားနည်းရပ်ဝန်းမှ ခြေရာအသစ်များ ထွက်ပေါ်လာပြီး မကြာမီပင် ရှေ့တွင် နောက်ထပ်ခြေရာအသစ်များစွာ ထွက်ပေါ်လာတော့သည်။ ခြေရာများသည် မြန်သည်ထက်မြန်လာကာ ၄တို့က Zhao Yan ၏ ခန္ဓာကိုယ်နား နီးသထက် နီးလာတော့သည်။မမြင်နိုင်သော သားရဲများက မြေပြင်ပေါ်တွင်တဒုန်းဒုန်းမြည်အောင် ပြေးလွှားနေကာ သူ့ကိုပိတ်လှောင်ထားတော့မလို။

မမြင်နိုင်သောနေရာတွင် သွေးဆာနေတဲ့ သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေပြီး အန္တရာယ်ဆိုတဲ့ အာရုံတစ်ခု သူ့စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာတော့တယ်။ Zhao Yan  သတိဝင်လာပြီး လူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားတော့သည်။ နောက်အခိုက်အတန့်မှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ လေဟာ သူ့နောက်ကျောကို ဖြတ်တိုက်သွားပြီး ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သလိုဖြစ်သွားကာ မီတာဆယ်ဂဏန်းအကွာက ချောက်ကမ်းပါးကို ဝင်တိုက်မိတော့သည်။

Boom!

  Zhao Yan လည်း သူ့အသက်အန္တရာယ်ကို ကာကွယ်ရန်သာ အချိန်ရလိုက်တာကြောင့် ကျောက်စိုင်ကျောက်ခဲများနှင့်တိုက်မိကာ အဖု အထစ်များကြောင့် နာကျင်သွားတော့သည်။ ဘေးနားရှိကျောက်တုံးကိုလက်ဖြင့်ထောက်ကာ မတ်တပ်ထရပ်ပြီးနောက်တွင် ခေါင်းမော့ကာ သူ့ကို တိုက်ခိုက်သည့်အရာကိုရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်လိုက်တော့သည်။

၎သည် မီတာတစ်ဒါဇင်ကျော်လောက်မြင့်တဲ့ သားရဲတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ချွန်ထက်တဲ့ခြေသည်းတွေကို ပေါ့ပေါ့တန်တန်ဝှေ့ယမ်းလိုက်ရုံဖြင့် လေပြင်းက သူ့ကို လွင့်ထွက်သွားစေဖို့လုံလောက်နေပါပြီ ။

You've reached the end of published parts.

⏰ Last updated: Jun 28, 2023 ⏰

Add this story to your Library to get notified about new parts!

ကြယ်တစ်ပွင့် ဖြစ်လာပြီးနောက် ငါလေး ကြယ်မျိုးနွယ်စုရဲ့ ဘုရင်ဖြစ်လာခဲ့တယ်Where stories live. Discover now