Uni
- ငါတို့ကျောင်းကငါတို့ရဲ့မင်းသားလေးက ဟိုကျောင်းသားအသစ်ရဲ့ပါးကိုနမ်းသွားတယ်..
- ဘာလို့လဲ
- ဘာလို့လဲ
- ဘာလို့လဲ
Nfတစ်ခွင်လုံးကျောင်းရဲ့မင်းသားလေးမင်းဗဟိုစံချိန်ကကျောင်းသားသစ်ရဲ့ပါးကိုနမ်းသွားတဲ့ပုံတွေကောစာတွေကောကပလူပြန်နေတာမို့ဟိဏ်းစစ်တို့စာတွေလိုက်ဖတ်ရင်းသူငယ်ချင်းအားချီးကျူးနေမိသည်။
ပေးစားတုန်းကမယူဘဲ သူများယူမယ်ဆိုမှအတင်းလိုက်လုတဲ့ကောင်...
ထိုစကားအားဟိဏ်းစစ်ကောမိုးဦးစကောစိတ်ထဲကနေသာအော်ပြောမိသည်။အပြင်မှာသာပြောမိရင်အရိုးတစ်ခြားအသားတစ်ခြားဖြစ်ဖို့၅၀ရါခိုင်နှုန်းသေချာလေသည်။ကျန်ရာခိုင်နှုန်းကတော့သူငယ်ချင်းအချင်းချင်းမို့လျော့ပေါ့ပေးတာပေါ့...
" ဘယ်လိုလဲ အခုလောက်ဆိုဘုန်းထင်တို့ဒေါတွေပွနေလောက်ရောပေါ့...ငါသိပ်ကျေနပ်တာဘဲ.."
" မင်း အခုဘုန်းထင်ကိုကော ကမ်းရိုးတန်းကိုကောပလေးနေတာလား..."
" no just a game!! ကမ်းရိုးတန်းကငါ့သဘောမကျပါဘူးကွာ သူကတောင်အသေအကြေကိုငြင်းနေတာ..."
" ငြင်းရတဲ့အကြောင်းအရင်းက ဘုန်းထင်ကြောင့်ဆိုရင်ကော..."
မိုးဦးစအပြောအဆုံးဗဟိုမျက်နှာပျက်ကျသွားသည်ကားဆီကုန်သွားတဲ့ဂျက်လေယာဥ်ကြီးအလား။
" ကမ်းရိုးတန်းကဘုန်းထင်ရဲ့cafeမှာစနေနေ့ကအလုပ်သွားလုပ်တယ်..."
" အလုပ်လေးသွားလုပ်တာဘဲ အဲ့တာသူ့ ကိစ္စလေ ငါနဲ့မှမဆိုင်တာ..."
" ခက်နေရောဘဲဂရိတ်ချန်းရာ...မင်းတကယ်ကမ်းရိုးတန်းကိုသဘောမကျဘူးလား...မင်းသဘောမကျရတဲ့အကြောင်းအရင်းကသူကတောသားဖြစ်နေလို့လား..."
" ငါ့လိုအရာရာပြည့်စုံနေတဲ့သူဌေးသားနဲ့သူ့လိုတောကတက်လာတဲ့ကောင်နဲ့လိုက်ဖက်တယ်လို့ထင်နေတာလား မင်းတို့ကအဲ့လိုပေါ့လေ..."
တကယ့်ကိုလူလိုပြောလူလိုနားမလည်သူကြောင့်မိုးဦးစကောဟိဏ်းစစ်ကောလက်လျော့လိုက်ကြသည်။သူများအပိုင်ဖြစ်သွားမှမင်းနောက်ကျကျန်ခဲ့မယ်ဗဟို။
.
.
.