Uni
" စောက်ကြွေးယူပြီးပြန်မပေးတဲ့လူကိုဘာလုပ်သင့်လဲ..."
မီးရောင်ခပ်ဖွဖွသာရှိတဲ့အခန်းတစ်ခုထဲကနေထွက်လာတဲ့သြရှရှအသံကြောင့်မြေပြင်ပေါ်မှာလူးလဲနေတဲ့လူခင်မျာလန့်သွားသည်။လက်တွေအပြင်ခြေထောက်တွေပါကြိုးတွေတုတ်ခံထားရတာမို့ရုန်းချင်သော်လည်းရုန်းမရ။
" ကျွတ်ကျွတ် ကြောက်နေတာလား "
အမဲရောင်ရာဘားသားဖိနပ်ကိုဝတ်ထားတဲ့ခြေထောက်တစ်ဖက်ကမြေပြင်ပေါ်လဲနေတဲ့လူရဲ့မျက်နှာရဲ့ပါးတစ်ဖက်ပေါ်ရောက်လာတာမို့အောက်ကလူခင်မျာကြောက်လန့်နေလေသည်။
" စောက်ကြွေးယူပြီးပြန်မပေးတဲ့လူကိုဘာလုပ်သင့်လဲ...ပြောလေ!! "
" အ့ အားး တောင်းပန်ပါတယ် သခင်လေး..."
" တောင်းပန်တာလား...ငါ့ကိုတောင်းပန်နေတာလား မင်းသေမင်းကိုတောင်းပန်သင့်တယ်နော်..."
" Stop it! Grate Chan...Don't Do that, is not hurt "
" So, What should I do, kill him? "
" oh! Come down grate chan "
နတ်ဆိုးထပ်ဆိုးလှတဲ့လူရဲ့ဘေးကိုရောက်လာတဲ့ထိုနည်းတူနတ်ဆိုသားကောင်နှစ်ယောက်ကြောင့်အောက်ကလူခင်မျာမျက်လုံးပြူးမတက်။ဒီလူသုံးယောက်ဟာသေမင်းထပ်ကြောက်စရာကောင်းလှသည့်လူတွေပင်မဟုတ်ပါလား။
" မင်းကိုအခွင့်အရေးတစ်ခုထပ်ပေးလိုက်မယ် တစ်ပါတ်အတွင်းအဲ့သိန်း၂၅၀၀ကိုရအောင်ရှာခဲ့...ထွက်ပြေးမယ်မကြံနဲ့နော် မင်းပြေးတဲ့နေရာကမင်းကိုဂူသွင်းမဲ့နေရာဖြစ်သွားလိမ့်မယ်..."
Grate Chanဆိုတဲ့ယောကျာ်းကားမြေပြင်ပေါ်လဲကျနေတဲ့လူအားခြိမ်းခြောက်သလိုခနဲ့စွာပြောသွားပြီးသူ့ဘေးကလူနှစ်ယောက်အားခေါ်ကာထွက်သွားလေသည်။ကျန်ခဲ့တဲ့လူကတော့အသက်မသေဖို့တစ်ပတ်အတွင်းခွေးလိုထိုပိုက်ဆံတွေအားရှာရတော့မည်။
တောက်ပြောင်နေတဲ့အနီရောင်ပြိုင်ကားတစ်စီး...အဖြူရောင်ကားနဲ့ အနက်ရောင်ဆိုင်ကယ်ဟာဟိုင်းဝေးလမ်းမကြီးအားအရှိန်ပြင်းစွာမောင်းနှင်လို့။