Description

172 11 1
                                    

    21ရာစုမှ ဒုတိယမျိုးဆက် CEO company သူဌေးလေးဖြစ်သူ ၀မ်တိရွှယ် တစ်ယောက် ရုတ်တရက် ကျင့်ကြံရေးကုန်းမြေကြီးတစ်ခုဆီသို့ဘုမသိဘမသိ‌ ရွှေလက်‌ချောင်းနှင့်အတူကူးပြောင်းခံလိုက်ရပီးနောက် နတ်ဘုရားတမျှချောမောလှပတဲ့ မျက်နှာလေးနှင့် ထူးခြားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် မြင့်မြတ်တဲ့နန်းတော်ကြီးရဲ့ အရှင်သခင်မှ အမွေခံတပည့်အဖစ်ခေါ်‌ယူမွေးစားခံရ‌လိုက်ရသည်။ ဘာကျင့်ကြံမှုမှမရှိသည့်အနိမ့်ဆုံးအဆင့်မှ ကျင့်ကြံရေးလောကမှဒဏ္ဌာရီလာတန်ခိုးရှင်ထိပ်တန်းကျင့်ကြံသူအဆင့်7ရှိကြီးမြတ်တော်၀င်တဲ့နန်းတော်ရှင်သခင် မသေမျိုးအရှင်တစ်ပါးဖစ်လာခဲ့သည်။ ထို့နောက် အဆင့်တက်ရန်ကောင်းကင်ကပ်ဘေး ကျော်ဖြတ်နေတုန်းဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အင်အားကြီးမားတဲ့ရန်သူတွေ ဝိုင်းတိုက်ခိုက်ဖမ်းဆီးရာမှ ဆရာသခင်အချိန်ဆွဲပေးလို့ ထွက်ပြေးရင်း ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာ ဆိုသလို တားမြစ်နယ်မြေထဲသို့ပိတ်မိသွားပီး သေအံဆဲဆဲရွှေလက်ချောင်းကြောင့်ခေတ်လွန်ခေတ်ဆီသို့ ပြန်လည်မွေးဖွားလာလေတော့သည်။ ခေတ်လွန်ခေတ်မှမိသားစုတခုဆီပြန်လည်၀င်စားရင်း ကျင့်ကြံမှုကိုမစွန့်လွှတ်ဘဲကိုထပ်မံကျင့်ကြံအားထုတ်ကာ 19နှစ်မျှသာသာယာယာဘ၀ကို တဖန်ဖြတ်သန်းနေတုန်းမှာပဲ တစ်နေ့ ကျင့်ကြံနေရာမှ ကမ္ဘာကြီးတစ်ခုခုလွှဲမှားသွားသည်ကိုမသိစိတ်အရခံစားမိရာ နက္ခမှော်ပညာရပ်ဖြင့်တွက်ချက်ကြည့်လိုက်တော့ လူ‌သားတွေရဲ့တနေ့တခြားဖျက်စီးသောင်းကျန်းမှုကြောင့် ကမ္ဘာကြီးဟန်ချက်မညီတော့သည်ကို ကောင်းကင်တာအိုမှ ခံစားမိရင်း ကောင်းကင်တာအိုမှပေးသော ပြစ်ဒဏ်ပျက်ကပ်‌ကျရောက်တော့မည်ကိုတွက်ချက်မိလိုက်သောအခါ ၀မ်တိရွှယ် သူ့မိသားစုကို ပျက်ကပ်မှာဘယ်လိုကာကွယ်မလဲ? ၊သူချစ်ရတဲ့လူတွေကို ဘယ်လိုကယ်တင်မလဲ? ၊အရင်ဘ၀လိုက်ဖမ်းခဲ့တဲ့လူတွေကလဲ သူနဲ့အတူတူပဲ ပြန်၀င်စားကာ လိုက်လာကြတယ်ဆိုတာကို သိလိုက်ပီးနောက် ပျက်ကပ်ကြီးမှာ ဘယ်လို‌တွေထပ်ပီးထွက်ပြေးအုံးမလဲ? ၊အဲ့ဒီသူမသိတဲ့ရန်သူတွေကရောဘယ်သူလဲ? ၊သူ့ကိုဘာလို့လိုက်ဖမ်းနေကြတာလဲ? ၊ဆိုတာနဲ့Mcရဲ့ အချစ်ကြီးမားပုံကိုရယ်မောရင်းဇာတ်လမ်းလေးကိုဆက်လက်ဖတ်ရှုကြည့်ရ‌အောင်ပါခဗျာ။

________________________________

ဒိီလောင်ဇီ ပြေးနေရပီ!Where stories live. Discover now