“မင်း ပီးရင် အဖိုးစာကြည့်ခန်းထဲခနလာခဲ့ပါအုံး” “အဖိုးအရင်သွားနှင့်မယ် ဖြည်းဖြည်းစားနှင့်” ဆိုပီး ထမင်းစားခန်းထဲက ထထွက်သွားသည့်အဖိုးရဲ့သန်မာသည့်ေနာက်ေကျာကို တစ်ချက်ကြည့်ပီးနောက် သူ့ထမင်းပန်းကန်ထဲမှ ထမင်းများကုန်သည်အထိ အေးဆေးစွာဆက်စားနေလိုက်သည်။
စားသောက်ပီးစီးလို့သွားတော့ သူ့အခန်းကိုအရင်ခနပြန်လိုက်ပီးမှ သူ့အဖိုးရဲ့ စာကြည့်ခန်းရှေ့သို့သွားပိီး တံခါးခေါက်လိုက်သည်။ “ဒေါက်ဒေါက်” “၀င်ခဲ့” ၀မ်တိရွှယ်၀င်သွားတော့ စာအုပ်စင်အကြီးကြီးဘေးမှာ ရပ်နေတဲ့ သူ့အဖိုးကိုမြင်လိုက်သည်။ သူ့အဖိုးက သူ့ဘက်ကိုခနလှည့်ကြည့်ပီး ဆိုဖာဆီသွားထိုင်လိုက်ပီး သူ့ကိုပါလာထိုင်ဖို့ခေါ်သည်။ “ရွှယ်အာ အဖိုးမင်းကို ပေးစရာရှိလို့ခေါ်လိုက်တာ...” “ဟုတ်ကဲ့?” သူပြန်ဖြေလိုက်တော့ သူ့အဖိုးသည် ဘေးမှ အသင့်ပြင်ထားဟန်တူသည့် အမည်မသိနက်မှောင်တဲ့ကျောက်မျက်တစ်မျိုးဖြင့်ပြုလုပ်ထားသည့် လက်သုံးဖက်စာရှိသည့် သေတ္တာလေးကို ယူလိုက်ပီး ခနကြာအောင်စူးစိုက်ကြည့်ပိီးမှ သူ့ဆီသို့ ကမ်းပေးလာသည်။ သူကလဲ အနဲငယ်စပ်စုလို စိတ်ဖြင့် ယူလိုက်ပီး သူ့အဖိုးပြောလာမည့် စကားကိုစောင့်နေသည်။
“ဒီသေတ္တာထဲမှာ မင်းမိဘတွေရဲ့ အမွေအနှစ်နဲ့ မင်းအဖွားနဲ့ငါ့ရဲ့ လက်ဆောင်ပါတယ်” “ ဒါကိုမင်းကို ပေးချိန်တန်ပီလို့ ထင်လို့ ငါမင်းကိုပေးတာ”လို့ဖြေးညင်းစွာပြောလာလေသည်။ ပီးနောက် ဘာမျှဆက်မပြောတော့ သူ့ ကို ကိုယ်တိုင်ဖွင့်ကြည့်စေချင်ပီး ဘာမှရှင်းမပြချင်ဘူးဆိုတာ အလိုလိုနားလည်လိုက်သည်။ ၀မ်တိရွှယ်လဲ အချိန်အတော်ကြာမျှထိုင်နေလိုက်ပီးနောက် သေတ္တာကိုလက်ထဲမှာသေချာဆုပ်ကိုင်ရင်းထရပ်လိုက်ပီးသူ့အဖိုးကို နှုတ်ဆက်လိုက်သည်။ “ဒါဆိုအဖိုး ကျွန်တော် အိပ်တော့မယ်” “ကောင်းသောညပါ” သူ့အဖိုးခေါင်း တစ်ချက်ညိမ့်ပြသည်ကို မြင်ပီးတော့ သူ့အခန်းဆီပြန်ဖို့လှည့်လိုက်ချိန် ထူးဆန်းတဲ့သူ့အဖိုးစကားကို ကြားလိုက်သည် “ ရွှယ်အာ...မင်းအမြဲတမ်းအကောင်းဆုံး နေထိုင်သွားရမယ် ”
YOU ARE READING
ဒိီလောင်ဇီ ပြေးနေရပီ!
Fantasy21ရာစုမှ ဒုတိယမျိုးဆက် သူဌေးလေးဖြစ်သူ ၀မ်တိရွယ် တစ်ယောက် ရုတ်တရက် ကျင့်ကြံရေးကုန်းမြေကြီးတစ်ခုဆီသို့ဘုမသိဘမသိကူးပြောင်းခံလိုက်ရပီးနောက် နတ်ဘုရားတမျှချောမောလှပတဲ့ မျက်နှာလေးကြောင့် မြင့်မြတ်တဲ့နန်းတော်ကြီးရဲ့ အရှင်သခင်မှ အမွေခံတပည့်အဖစ်ခေါ်ယူမွေးစား...