( Vol.1 )Ch1

104 8 0
                                    

၀မ်တိရွှယ် ရုံးခန်းကျယ်ကြီးထဲမှအလုပ်စားပွဲ ပေါ်မှာထိုင်ရင်း အလုပ်ဖိုင်များစစ်‌‌ဆေးနေသည်။ ထိုချိန်၌

'ဒေါက်ဒေါက်'

"ceoကားအဆင်သင့်ဖြစ်ပါပီခဗျ"

၀မ်တိရွှယ်၏လက်ထောက်ဖစ်သူမှ ပြောသံကြားလိုက်သောအခါ အလုပ်ဖိုင်ကို ပိတ်လိုက်ကာ လက်မှ နာရီကိုကြည့်လိုက်သည်။ 5နာရီထိုးနေပီဆိုတာမြင်လိုက်သောအခါ ၀မ်တိရွှယ် သူ့ coatကို လှမ်းယူလိုက်ပီး ကားပါကင်ဆီသို့ သွားလေသည်။ ဒီနေ့ သူ့အဖိုး၏ မွေးနေ့ ဖစ်တာကြောင့် မြေးအဖိုး နှစ်ယောက်ထဲ ညစာစားပီး အချိန်ကုန်ဆုံးဖို့ စီစဉ်ထားတာဖစ်သည်။

၀မ်တိရွှယ် သူ့အဖိုးရှိတဲ့ အေးချမ်းတဲ့ တောင်ပေါ်က အိမ်ယာဆီသို့ကား‌ေမာင်းသွား‌ေနရင်း အတွေးနယ်ချဲ့နေလေသည်။ ၀မ်တိရွယ်သည် တစ်ဦးတည်းသောသား ဖစ်ကာ မိဘများက သူမွေးပိီး တစ်နှစ်ကျော်အကြာမှာဆုံးပါးသွားပီး အဖွားဖစ်သူကလဲ အဲ့ဒီစိတ်နဲ့ပဲ မကြာခင်မှာပဲ ဆုံးပါးသွားပြန်တယ်။ ထိုအချိန်မှာပဲ ၀မ်တိရွယ် ငယ်ငယ်လေးထဲက သူ့အဖိုးလက်ပေါ်မှာ ကြီးပြင်းလာခဲ့ပီး အခု အသက် 20ပြည့်သည် အထိ ချစ်သူဇနီးမရှာသေးပဲ အဖိုးနှင့်‌အဖေ၏လုပ်ငန်းများကို ဦးစီးလုပ်ကိုင်လျက် အဖိုးနှင့်ပဲဘ၀ကို အေးချမ်းစွာဖြတ်သန်းနေလေသည်။

သူတို့မျိုးရိုး အများနှင့်မတူ တမူထူးခြားတဲ့ ရုပ်ရည်သွင်ပြင်များကိုပိုင်ဆိုင်ကြပီး ချမ်းသာကြွယ်၀သောကြောင့် သူတို့မိသားစုဆီသို့ ကုပ်ကပ်တက်ချင်‌နေသော လူများ များပြားလွန်းလှသည်။ ၀မ်တိရွယ် အဖိုးသည် ခုနှစ် အသက် 62ပြည့်ပီဆိုပေမဲ့ အရွယ်တင်နုပျိုသန်စွမ်းတုန်းဖစ်ကာ အသက်40အရွယ်လို့ပဲထင်ရသည်။ ၀မ်တိရွယ်အဖွားကတော့ နုနယ်လှပတဲ့အမျိုးသမီးကောင်းကြီးတစ်ယောက်ဖစ်ကာ အဖိုးက သူမကို သိပ်ချစ်မြတ်နိုးလှသည်။ ‌ဒါကြောင့် အဖိုးက သူမခေါင်းချ‌ရာ အေးချမ်းတဲ့ တောင်ပေါ်အိမ်ယာထဲမှာပဲ တစ်ယောက်ထဲ သီးသန့်အထီးကျန်စွာ နေထိုင်လေသည်။

သူ့၏မိဘများကတော့ ငယ်ငယ်လေးထဲက အမည်မသိသော အကြောင်းတစ်မျိုးမျိုးကြောင့် ဆုံးပါးသွားလေရာ ကျန်ရစ်ခဲ့သော အနီရောင်ရိုးရာ မဂ်ဆောင် ဓာတ်ပုံလေးတစ်ပုံသာ သူ့ဆီမှာရှိလေသည်။ အဖိုးက အဘယ်အကြောင်းကြောင့် သူ့၏မိဘများကို မမြင်မတွေ့စေချင် မိဘများအကြောင်းအရာများကို မေးလျှင် မပြောပြချင် ဖစ်သလဲဆိုတာကို ၀မ်တိရွယ်ခုချိန်ထိမသိသေးပေ။ ဒါကြောင့်အဖိုးမသိအောင် သူကုတင်အောက်မှရှာတွေ့ခဲ့သည့် ထိုဓာတ်ပုံလေးကိုသာ ခိုးဖွက်သိမ်းကာ သူအထီးကျန်‌တိုင်းထုတ်ကြည့်တတ်သည်။ သူ၏ မိဘများသည် ယုတ္တိမတန်အောင်ကို နတ်ဘုရားတမျှချောမောလှပကြပေသည်။

သူ၏ မိခင်သည် တော်၀င်မြင့်မြတ်သော အငွေ့အသက်ပေးစွမ်းနိုင်သည့် လှပလွန်းသည့် အမျိုးသမီးတစ်ဦးဖစ်ကာ သူမသည် ‌သူမ၏ဘေးမှ စူးရှထက်မြက်သည့်မျက်၀န်းအစုံကိုပိုင်ဆိုင်ထားသည့် နတ်ဘုရားတမျှချောမောသည့် အမျိုးသားကို ချစ်ခြင်းမေတ္တာဖြင့်နူးညံ့သည့်အပြံုး‌ေလးဖြင့်စိုက်ကြည့်နေပီး အမျိုးသားမှာလဲ ဘေးမှ လှပလွန်းသည့်အမျိုးသမီးလေး၏ နုနယ်သောလက်ဖမိုးလေးကိုနမ်းရှိုက်ရင်း စူးရှသောမျက်၀န်းအစုံတွင်း စစ်မှန်သော ချစ်ခြင်းမေတ္တာအပြည့်ဖြင့်ပြန်ကာစူးစိုက်ကြည့်နေလေသည်။ ထိုဓာတ်ပုံလေးကို သူသည် နှစ်များစွာကြာအောင် ကိုယ်နှင့်မကွာစောင်ထားလေ့ရှိသည်။

ထိုလိုမိဘများမှမွေးဖွားလာသည့် သူသည် သူ့အမေ၏ လှပမြင့်မြတ်တော်၀င်ဆန်သောအငွေ့အသက် သူ၏အဖေဆီမှ ထက်မြက်သောမျက်၀န်းအစုံနှင့် နတ်ဘုရားတမျှချောမောသော ရုပ်ရည်ကို အမွေဆက်ခံ ပိုင်ဆိုင်ကာ နိုင်ငံတွင်း အတန်းစားစုံအမျိုးသမီးများ၏ စိတ်ကူးအိမ်မက်ချစ်သူ CEOသခင်လေးတစ်ယောက်ဖစ်သည်။

၀မ်တိရွှယ် ရောက်တက်ရာရာအတွေးများဖြင့် သစ်ပင်များ၀န်းရံထားသည့် ‌တောင်ကုန်းလေးကိုကျော်လာပီး တ‌ဖြည်းဖြည်းဖြင့် တောင်ထိပ်ပေါ်မှ တစ်လုံးတည်းသောဘန်ဂလိုလေးဆီသို့ ကားဖြင့်၀င်ရောက်ရှိလာသည်။

________________________________

ဒိီလောင်ဇီ ပြေးနေရပီ!Where stories live. Discover now