*****
"ကလေးတို့ ဒီနေ့ အတန်းထဲ အသစ်ရောက်တဲ့ ကျောင်းသားသစ် ရှိပါတယ်"
"မင်္ဂလာပါ ဆိုလ်းက ပြောင်းလာတဲ့ ကျောင်းသားသစ် ဂင်မင်ဂယူးဖြစ်ပါတယ် တွေ့ရတာ ဝမ်းသာပါတယ် "
"ကျောင်းသား မင်ဂယူး အရပ်လဲရှည်တော့ ဟိုအနောက်က လွတ်နေတဲ့ထိုင်ခုံမှာ ထိုင်လို့ရပါတယ် မမှီလိုက်တဲ့စာတွေအတွက် အတန်းခေါင်းဆောင်က ကူညီပေးပါလိမ့်မယ်"
"ကဲ ဆရာတို့ အတန်းစရအောင်"
ဆိုးလ်ကနေ အန်ယန်းကို အဖေ့ရဲ့ အလုပ်ကိစ္စ အပြောင်းအရွှေ့ ကြောင့် ရုတ်တရက်ပြောင်းလာရတော့ မင်ဂယူးရဲ့ ကျောင်းပြောင်းကိစ္စတွေပါ ကမန်းကတမ်း လုပ်လိုက်ရသည်။ ပထမစာသင်နှစ်မှာတောင် တစ်ပတ်လောက် နောက်ကျနေပြီ
ကိုယ့်နေရာကိုယ် ဝင်ထိုင်ပြီး ဘေးဘီကြည့်လိုက်တော့ ကိုယ့်ဘေးကလူကလဲ လှည့်ကြည့်လာတာမို့ ပြုံးပြလိုက်ပေမယ့် ကိုယ့်ကို ရှုတည်တည်နဲ့ကြည့်ပြီး ပြန်လှည့်သွားသည် ။ လူမှုရေး မရှိတဲ့ လူပဲ ။
*****
ကျောင်းအသစ်ပေမယ့် အရင်ကျောင်းမှာတုန်းက ဘတ်စကတ်ဘော လက်ရွေးစင်ထဲကတစ်ယောက်ဖြစ်ခဲ့တာမို့ စရောက်တဲ့နေ့ကတည်းက ဘတ်စကတ်ဘောအသင်းဝင်ထားတာကြောင့်ရော ရောက်ရာအရပ်မှာ လူတိုင်းနဲ့ ကိုက်ညီအောင်နေတတ်တဲ့ စရိုက်ကြောင့်ရော တစ်ယောက်ထဲတော့ ဖြစ်မနေပါ။ ဒီတစ်ပတ်အတွင်းမှာပဲ အတန်းထဲက ကျောင်းသားတွေနဲ့ရော ဘတ်စကတ်ဘောအသင်းသားတွေနဲ့ပါ အတော်လေးရင်နှီးနေပြီဖြစ်သည်။
သူ့ဘေးက ဆောမြောင်ဟိုဆိုတဲ့ တစ်ယောက်ကတော့ ခြွင်းချက် ။ ရင်ဘတ်က နာမည်ကဒ်ကြောင့်သာ သူ့ကို ဆောမြောင်ဟိုမှန်းသိတာ ဘေးချင်းကပ်ရက်ထိုင်နေပြီး စကားတစ်ခါမှတောင် မပြောဖူးပါ ။ အစက မင်ဂယူးစိတ်ထဲ ကိုယ့်ကိုစိမ်းနေလို့ မပြောဘူးထင်နေတာ ဒါပေမယ့် မင်ဂယူးမှ မဟုတ်ဘူး တစ်တန်းလုံး သူနဲ့ စကားပြောတဲ့သူကို မတွေ့ဖူးသေးဘူး။သူ့ကိုကြည့်လိုက်ရင် နားကြပ်တပ်ပြီး အိပ်ရင်အိပ် မဟုတ်ရင် စာအုပ်ထဲ တောင်ခြစ်မြောက်ခြစ်နဲ့ ပုံဆွဲနေတာပဲမြင်ရသည်။
![](https://img.wattpad.com/cover/345296619-288-k954911.jpg)
YOU ARE READING
All my attention is on you [ Complete ]
FanfictionIt's intended for those who like SEVENTEEN's GYUHAO ♡