*****တစ်ညလုံး မအိပ်နိုင် လူးကာလှိမ့်ကာဖြင့် ကိုယ့်ခံစားချက်ကိုယ် အပြန်ပြန်အလှန်လှန် ဆန်းစစ်ကြည့်နေရသည်။
မင်ဂယူး ရည်းစားမထားဖူးတာ မဟုတ်ပါ။ အရင်ကျောင်းမှာတုန်းက မိန်းကလေးတစ်ယောက်နှင့် တွဲခဲ့ဖူးသည်။ ဒီဆယ်ကျော်သက်အရွယ်တွေအတွက်က မလုပ်ဖူးတာမရှိအောင် အကုန်လက်တည့်စမ်းကြသည်မှာ သဘာဝ မဟုတ်လား။ မင်ဂယူးလည်း ထိုသို့ပင် ။ ကျောင်းမှ ဂင်ဂျီဝန်းဆိုသည့် ခပ်ချောချော မိန်းကလေးတစ်ယောက်ကိုရွေးကာ တွဲရန်တောင်းဆိုခဲ့သည် ။နာမည်အတော်အတန်ရှိသည့် ကျောင်းလက်ရွေးစင် ဘတ်စကတ်ဘောကစားသမား တစ်ယောက်အတွက် အငြင်းခံရစရာ အကြောင်းကိစ္စလည်း ရှိမနေသည်ကြောင့် နှစ်ဦးသဘောတူ တွဲဖြစ်ခဲ့ကြသည်။
ရေခဲမုန့်စားချင်စိတ် ပေါ်လာချိန်တွင် ရေခဲမုန့်ဝယ်စားလိုက်သလို ဖြစ်နေသည်ကြောင့်လားတော့မသိပါ။ မင်ဂယူးတို့နှစ်ယောက်လုံး လေးလေးနက်နက် မရှိကြ။အတွဲတွေ လုပ်သမျှအကုန် နှစ်ယောက်အတူလုပ်ကြည့်ကြသည်။ ရုပ်ရှင်ရုံသို့ အတူတူ ရုပ်ရှင်သွားကြည့်ကြတာမျိုး ၊ ပိတ်ရက်ကို နေရာတစ်ခုခုသတ်မှတ်ပြီး ဒိတ်ကြတာမျိုး ၊ လက်တွဲပြီး အတူလမ်းလျှောက်ကြတာမျိုးတွေ လုပ်ကြသည်။ ဂျီဝန်းက မာနခပ်ကြီးကြီးဖြစ်သည့်အပြင် မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်နေရမည်ဆိုသည့် စည်းတွေလည်း တားထားသည်မို့ နမ်းတာအထိတော့ လက်မခံပေးပေ။မင်ဂယူးအတွက်ကလည်း ထိုအရာက မဖြစ်မနေ အရေးကြီးနေသည့် ကိစ္စမဟုတ်သည်ကြောင့် ပြဿနာမရှိခဲ့ပါ။
တစ်လျှောက်လုံးတွဲလာကြပြီး မင်ဂယူးကျောင်းပြောင်းရသည့် ကိစ္စပေါ်လာတော့ ထပ်တွေ့ဖို့ မသေချာတဲ့သူအချင်းချင်း နောက်ဆံတင်းစရာ ချည်ကြိုးတွေ မထားချင်ပါဆိုသည့် အကြောင်းပြချက်ဖြင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။ သူရော ကိုယ်ရော အေးဆေးပင်။ အမုန်းမရှိ ခံစားရတာမရှိ ပြန်တောင့်တတာမျိုးလည်း မရှိ ။
အခုမှ ရင်ဘတ်ထဲက အကောင်က ဘာထဖြစ်တာတဲ့လဲ။ ဘာလို့ အကြောင်းပြချက်မရှိ ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးလို အသံတွေမြည်ပြီး ခုန်ပေါက်နေရတာလဲ။ မိန်းကလေးတစ်ယောက်ကို မဟုတ်ပဲ ယောက်ျားလေးတစ်ယောက်ကိုတဲ့။
YOU ARE READING
All my attention is on you [ Complete ]
FanfictionIt's intended for those who like SEVENTEEN's GYUHAO ♡