*****
မိုးပင်ကောင်းကောင်းမလင်းသေး အတန်းမှူးက တစ်ခန်းဝင်တစ်ခန်းထွက် အသံကျယ်ကြီးဖြင့် လိုက်နှိုးနေသည်ကြောင့် ကျောင်းသားများအားလုံး သုတ်သီးသုတ်ပြာထကာ မနက်ခင်းတောင်တက်ရန်အတွက် ပြင်ဆင်နေကြရသည်။အစောပိုင်းတုန်းက ညအိပ်တည်းခိုသည့် နေရာနှင့် Gwanakတောင်ခြေကို ဆရာက လမ်းလျှောက်သွားစေချင်သည်။ အကွာအဝေး 4.5ကီလိုမီတာလောက်ရှိသည့် ခရီးကို လမ်းလျှောက်ရလျှင် တောင်မတက်လိုက်ရပဲ တောင်ခြေရောက်လျှင်ပင် ပျော့ခွေနေတော့မည်ဟု တက်ညီလက်ညီ ကွန်ပလိန်းတက်လိုက်ကြသောကြောင့် ဆရာဘက်မှ တစ်ထစ်လျှော့ပေးလိုက်ခြင်းဖြစ်သည်။
မသောက်နိုင်ပဲသောက်ကာ မူး၍အိပ်ထားသည့် မြောင်ဟိုက ခေါင်းအုံနေသည့်အပြင် အိပ်ရေးလည်း မဝသေးပါ။ နေမကောင်းဘူးဟုပြောကာ ချန်ထား၍လည်းမဖြစ်ပြန်။ အလိမ်မတတ်သည့် မြောင်ဟိုနှင့် အတန်းမှူး၏ စိစိပေါက်ပေါက် စစ်ဆေးမေးမြန်းပုံမျိုးနှင့်သာဆို အခန့်မသင့်လျှင် ညကခွက်ပုန်းချထားသည်များပင် ပေါ်သွားနိုင်သည်မို့ ခေါင်းစုတ်ဖွားနှင့်ပင် မြောင်ဟိုက လိုက်လာသည်။
Gwanakတောင်ခြေရောက်တော့ တောင်ထိပ်အထိ အရှည်နှင့် အသွားအပြန် လေးနာရီနီးပါးခန့်ကြာနိုင်ကြောင်းများကို ဆရာကရှင်းပြပြီး စတင်တက်ကြတော့သည်။ မြောင်ဟိုကတော့ မျက်နှာပျက်စပြုနေပြီ။ မနေ့က Anyang Art Parkမှ ယောမ်ဘူရ်ဘုရားကျောင်းကိုရောက်အောင် တက်လိုက်တာနှင့်ပင် လုံလုံလောက်လောက် ညောင်းညာနေပြီဖြစ်သည်။
ဆရာကတော့ ကျောင်းသားတွေက ကိုယ်ခံအားကောင်းသင့်သည် ကျန်းမာရေးဂရုစိုက်သင့်သည်ဟု တရားပြနေသော်လည်း မြောင်ဟိုက တောင်တက်ရတာကိုတော့ တကယ်မကြိုက်ပါ။သက်သက်သာသာလေးသာ နေချင်ပါသည်။ရောဂါကြီးကြီးမားမားမရှိရင် အဆင်ပြေပြီပဲ။ အားကစားနှင့် အသက်မွေးမည်လည်း မဟုတ် ၊ စစ်ထွက်တိုက်ရမည်လည်းမဟုတ်ပဲ ဘာကြောင့်များ အားကုန်ခံရမည်နည်း။
လူတွေကိုလည်း နားမလည်ပါ။ တောင်ထိပ်အထိ ရောက်အောင် တက်ပြီးလျှင် ပြန်ဆင်းလာရမည့်ကိစ္စကို ဘာကြောင့်များ အချိန်ကုန်ခံတက်နေရသနည်း။
YOU ARE READING
All my attention is on you [ Complete ]
FanfictionIt's intended for those who like SEVENTEEN's GYUHAO ♡