𝙺𝙾𝙺𝙾𝙿𝙷𝙸𝙻𝙴 - 𝟹: 𝚂𝚃𝙴𝙰𝙻 𝙰 𝙺𝙸𝚂𝚂

205 32 22
                                    

𝙺𝙾𝙺𝙾𝙿𝙷𝙸𝙻𝙴 - 𝟹


ရှော့ပင်းစင်တာထဲက ကိစ္စဖြစ်ပြီးတည်းက ဂျွန်မြောင်နဲ့ဟွန်းငယ်ရဲ့ ဆက်ဆံရေးက အရင်ထက်ပိုတိုးတက်လာခဲ့တယ်။ ပိတ်ရက်တွေမှာ ဆိုးလ်မြို့ထဲက ဟွန်းငယ်သွားချင်တဲ့နေရာလေးတွေလည်း လိုက်ပို့ဖြစ်သလို ဟွန်းငယ်ကြိုက်မယ့်အစားအစာလေးတွေကိုလည်း ဂျွန်မြောင်ကိုယ်တိုင် ချက်ကျွေးဖြစ်တယ်။

ဂျွန်မြောင်က အခုလက်ရှိ ဆိုးလ်တက္ကသိုလ်မှာ သင်္ချာပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ကျောင်းနဲ့နီးမယ့်ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုထဲမှာပဲ ကွန်ဒိုလေးဝယ်ထားဖြစ်သည်။ ဟွန်းငယ်မရောက်ခင်ကတော့ ေကျာင်းမှာအလုပ်ရှိရှိ၊ မရှိရှိ ကျောင်းမှာသာ အနေများတတ်ပေမယ့် အခုတော့ ကျောင်းကို မဖြစ်မ​နေအရေးကြီးမှသာ သွားဖြစ်တော့သည်။ ထိုသို့သော နေ့များမှာ​ေတာ့ ဟွန်းငယ်ကို စိတ်မချစွာပဲ အိမ်မှာတစ်ယောက်တည်း ထားခဲ့ရတတ်သည်။ သေချာတာကတော့ ထားခဲ့ရတဲ့နေ့ရက်တိုင်းမှာ ဂျွန်မြောင်ကအပူသည်ကြီးလို အိမ်ပြန်ချိန်ကိုချည်း တနေမိလိမ့်မည်။

ဒီနေ့ကတော့ ဟွန်းငယ်ပိုင်သည့် ဂျွန်မြောင့်အားလပ်ရက်ဖြစ်သည်။

ငယ်ငယ်တည်းက ကာတွန်းကားတွေကြည့်ရတာကြိုက်တဲ့ ကလေးလေးက အခုထိလည်းတစ်စက်လေးမှမပြောင်းလဲသေးပါ။ ဒီနေ့တော့ အသစ်တင်သည့် Spiderman ရုပ်ရှင်ကို ကြည့်ချင်တယ်ဆိုတာနဲ့ပဲ ဂျွန်မြောင်ပါ သူ့ကိုအဖော်လိုက်ကြည့်ပေးခဲ့ရတာဖြစ်သည်။ ကြည့်ရုံနဲ့လည်းမပြီးသေးပါ။ ဂျွန်မြောင်မသိချင်တဲ့ သူ့ hero တွေအကြောင်းကို စုံစုံစိစိလိုက်ပြောပြနေပြီး သူပြောတာတွေမှတ်မိရဲ့လားဆိုပြီးလည်း ထထမေးတတ်သေးသည်။ ကြာတော့ ဒီပေါက်စလေးကပဲ ပါမောက္ခလား၊ သူကပဲ ပါမောက္ခလားပင် မသဲမကွဲဖြစ်လာရသည်။

အခုတော့ စကားတွေဆက်တိုက်ပြောပြီး မောလာ၍ထင် Lover seat ရဲ့ နောက်မီလေးကို မီကာ ငြိမ်ငြိမ်လေးမှေးနေသည်။ အင်း။ ဂျွန်မြောင့်အတွက်တော့ မဟာအေးချမ်းမှုကြီးပင်။

You've reached the end of published parts.

⏰ Last updated: Jul 20, 2023 ⏰

Add this story to your Library to get notified about new parts!

ကိုကိုနှင့် သူ၏နှလုံးသားလေး♡Where stories live. Discover now