𝙺𝙾𝙺𝙾𝙿𝙷𝙸𝙻𝙴 - 𝟷: 𝙼𝙴𝙼𝙾𝚁𝙸𝙴𝚂

229 33 23
                                    


//AN - အချိန်တွေအရမ်းကြာပြီးမှ ပြန်ရေး ဖြစ်တဲ့ ဇာတ်လမ်းလေးမို့ စာစရေးတုန်းကလိုမျိုး ရင်ခုန်နေရပါတယ်။ Plot ထွေထွေထူးထူးမရှိပဲ ဒီတိုင်းပျော်စေချင်လို့ရေးလိုက်တဲ့ sweet & fluffy type လေးပါ။ ၅ ပိုင်းလောက်ရေးမယ်လို့တော့ ခန့်မှန်းထားတာပါပဲ။ ဘာပဲဖြစ်ဖြစ် သဘောကျပေးပါဦးလို့ပဲ တောင်းဆိုပါရစေရှင်။//

TW: I softly remind you that there'll be tons of too cute & pampering words that might get you cringy somehow.

I'd greatly appreciate if you'll leave some nice feedbacks to this work of mine❤

Hope you have a good read! Let's go!

☆^ー^☆^ー^☆

KOKOPHILE - 1

" အီးဟီး မရဝူး မရဝူး ~ ဟွန်းနီကို အဲ့လိုထားခဲ့လို့မရဝူးနော်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" အီးဟီး မရဝူး မရဝူး ~ ဟွန်းနီကို အဲ့လိုထားခဲ့လို့မရဝူးနော်"

" အိုဟွန်းနီ...! မင်း အဲ့တာ ဘာအပိုတွေလုပ်နေပြန်တာလဲ? မသိရင် ဟိုက နိုင်ငံခြားသွားမှာကျနေတာပဲ။ အခုလွှတ်လိုက်စမ်း အဲ့လက်ကို"

" အီးဟီး ဟင့်.. ကိုကြီးကလည်း အော်တယ်! ကိုကိုကလည်း ဟွန်းနီကို ချစ်တော့ဝူး! ဟွန်းနီ အရမ်းဝမ်းနည်းတယ် အဟင့်.."

ကိုကိုနဲ့ ခွဲရမှာမို့လို့ စိိတ်မကောင်းဖြစ်နေတဲ့ကြားက အကုိ​​​ြဖစ်သူဆီကပါ အငေါက်ခံလိုက်ရတာကြောင့် ငါးနှစ်သားပေါက်စလေးဟွန်းနီက ကြမ်းပြင်ပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချကာ စိတ်ကြိုက်ငိုလေတော့သည်။

တစ်ခါက ကိုကိုက ဟွန်းနီလေးက ဒီ jumpsuit လေးဝတ်ထားရင် ပိုချစ်ဖို့ကောင်းတယ်လို့ ချီးကျူးဖူးတာမို့ သတိတရနဲ့ မေမေ့ကို သေချာရွေးဝတ်​ပေးခိုင်းထားသည့် ဂျင်းပြာရောင် jumpsuit လေးကလည်း အသုံးမဝင်တော့ဟန်တူပါသည်။ စိတ်ဆိုးနေသည့် အကောင်ပေါက်ကလေးက အင်္ကျီ၏ သိုင်းကြိုးကို လက်နှစ်ဖက်နှင့် ကျစ်နေအောင်ဆုပ်ထားတာမို့ လက်ဆစ်လေးတွေက နီနီရဲရဲ အသည်းယားစရာလေးတွေဖြစ်လို့နေ၏။ ဆေးမချွတ်ရသေးတဲ့ ဝါနုနုဂွမ်းစလေးလိုမျိုး ဝါဝင်းနုအိ​နေတဲ့ ဟွန်းနီရဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေက မြင်သူတိုင်း အသည်းယားစရာ​လေးတွေပင်။

ကိုကိုနှင့် သူ၏နှလုံးသားလေး♡Where stories live. Discover now