အခန်း (၄)

1.3K 41 0
                                    

Unicode

ကျောင်းဖွင့်သည်မှာ လပိုင်းလောက်ပဲသာ ရှိသေးသော်လည်း အစ်ကို့က်ိုတော့ တစ်ကျောင်းလုံး မသိသူမရှိ‌လောက်အောင်ပင် ကျော်ကြားသည်။ ပိုင်ခန့်တို့ အတန်းထဲမှ မိန်းကလေးများသာမက တခြားအခန်းထဲမှ မိန်းကလေး တော်တော်များများပါ အစ်ကို့ကိုဆိုလျှင် စိတ်ဝင်စားကြသည်မှာ ပိုင်ခန့် မျက်မြင် တွေ့မြင်နေရသည်။

အစ်ကိုသည် ပညာရေးဝန်ကြီး၏ သားဖြစ်ကြောင်းကို ဆရာမများပြောမှသာ ပိုင်ခန့် သိရသည်။ ပိုင်ခန့်တို့နိုင်ငံ၏ ပညာရေးဝန်ကြီးဟူသော ရာထူးသည် သာမန်တော့ မဟုတ်ကြောင်း ကလေးကအစ ခွေးအဆုံး သိကြသည်။

ခြေတော်ရင်းတွင် ခစားပစ်ချင်စရာ ရုပ်ရည်ရှိသည့်အပြင် ပညာရေးတင်မက အားကစားပိုင်းတွင်ပါ ထူးချွန်လွန်းပြီး ပညာရေးဝန်ကြီး၏ သားဆိုသော ဂုဏ်ပုဒ်တို့ကြောင့် ယခုလောက်ထိ စန်းပွင့်သည်မှာ ထူးတော့ မထူးဆန်း။

တစ်ခါတလေဆိုလျှင် ပိုင်ခန့်ကိုပင် အောင်သွယ်လုပ်ခိုင်းသည့် အတန်းထဲက ကောင်မလေးများနှင့်ပါ ကြုံရသေးသည်။

ရှစ်တန်းအရွယ်လေးနှင့် ယခုလို ကိစ္စမျိုးဆိုလျှင်တော့ သူတို့မှာ ထိပ်ဆုံးကပင် ဖြစ်သည်။ ဆရာမနှင့် တိုင်ပစ်ချင်စရာကောင်းလှသည့် အတော်ကို မလွယ်သော ကောင်မလေးများ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် အစ်ကိုသည် ပညာရေးဝန်ကြီး၏သား ဆိုသည့်အကြောင်းကို ပိုင်ခန့်သိပြီးနောက် သေချာသည့် အကြောင်းပြချက် မရှိဘဲနှင့် အစ်ကို့ကို အနည်းငယ် ရှောင်နေလိုက်သေးသည်။ ဤသည်ကို ရိပ်မိသော အစ်ကိုက ပိုင်ခန့် ထိုကဲ့သို့လုပ်လျှင် စိတ်ဆင်းရဲရကြောင်း၊ သူသည် မည်သည့်အခြေအနေတွင်ပဲ ရှိနေပါစေ ပိုင်ခန့်ကို အမှန်တကယ် စိတ်ရင်းဖြင့် ခင်မင်ကြောင်း ပြန်ရှင်းပြမှသာ ပိုင်ခန့် စိတ်အေးရတော့သည်။

ပိုသည်ဟူ၍ပဲ ထင်နေပါစေ ယခုလို ရှင်းရှင်းလင်းလင်း ဖြစ်သွားမှသာ ပိုင်ခန့်၏ စိတ်ထဲ ပေါ့သွားရသည်။ ပိုင်ခန့်တွေ့ဖူးသော တချို့လူကြီး သား၊ သမီး တော်တော်များများသည် အနည်းနှင့်အများတော့ မာနကြီးကြသည်၊ ခွဲခြားဆက်ဆံကြသည်။

Definitely You Where stories live. Discover now