အခန်း (၂၂)

774 21 0
                                    

Unicode

ပိုင်ခန့်သည် ယခုတလော အလုပ်ရှုပ်နေသဖြင့် မိမိ၏ မွေးနေ့ကိုပင် သတိမရဘဲ မေ့နေခဲ့သည်။ ထိုနေ့တွင် ကိုကိုသည် ပိုင်ခန့်ကို အရင်ဦးဆုံး မွေးနေ့ဆုတောင်းပေးသည့်အပြင် မွေးနေ့ကိတ် လှလှလေးကိုပင် ပြင်ဆင်ထားသေးသည်။ မွေးနေ့ကိတ်မှာ ရိုးရိုးရှင်းရှင်း အဖြူရောင် အဝိုင်းပုံသဏ္ဌာန် Cheesecake ဖြစ်ပြီး အပေါ်တွင် Strawberry များ ပါသည်။ ထို့အပြင် Daisy ပန်းများပါ ပါရှိသည်။ ယခုထက်ထိပင် ကိုကိုသည် ပိုင်ခန့်၏ အကြိုက်ကို သတိတရ ရှိနေသေးသည်။ အမှန်တကယ်ဆိုလျှင် ပိုင်ခန့်သည် Daisy ပန်းများကို သဘောကျကြောင်း ယခင်ကလောက် ပြောဆိုဖော်ပြခြင်း မရှိတော့ပေ။ သို့သော်လည်း သဘောအကျဆုံး ဆိုသည်ကတော့ မပြောင်းလဲသည့် အမှန်တရားဖြစ်သည်။

ဖေဖေနှင့် ပါပါးတို့ ပို့လိုက်သော လက်ဆောင်များနှင့် ဆုတောင်းစကားများကြောင့်လည်း အလွန်ပင် ပီတိဖြစ်ရသေးသည်။ အာကာနှင့် David တို့ကို နေ့လယ်စာ လိုက်ကျွေးရင်း ကိုကိုနှင့်ပါ တစ်ခါတည်း သေသေချာချာ မိတ်ဆက်ပေးခဲ့သည်။ ကိုကိုသည် David ကို သိပ်သဘောကျပုံ မပေါ်‌သော်လည်း အလိုက်အထိုက်တော့ ဆက်ဆံပေးသည်။ ခဏအကြာတွင် ကိုကို၏ အရေးတကြီး အလုပ်ပေါ်လာသောကြောင့် ပိုင်ခန့်တို့နှင့် တစ်နေကုန်တော့ လျှောက်မလည်လိုက်ရ။

၁ လဆိုသော အချိန်အပိုင်းအခြားကို ကျော်လွန်သွားပြီးနောက် ဖေဖေနှင့် ပါပါးကို သူတို့နှစ်ယောက်အကြောင်း ဖွင့်ပြောရန် ဆုံးဖြတ်ခဲ့ကြသည်။ ကြားကာလထဲ၌ ပိုင်ခန့်၏ မွေးနေ့ ရှိနေသောကြောင့်လည်းကောင်း၊ နှစ်ယောက်လုံး မအားလပ်ကြ၍လည်းကောင်း ဖွင့်ပြောရန် ရက်မှာ နောက်သို့ရောက်သွားခြင်း ဖြစ်သည်။

‌ကိုကိုသည် ဖေဖေတို့ကို ပိုင်ခန့်နှင့်အတူ သူကိုယ်တိုင်ပါ လိုက်တွေ့ပြီး သေချာစွာပြောမည်ဟု ဆိုသည်။ နှစ်ယောက်အတူတူ ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှုမှာ အနည်းငယ်တော့ သက်သာသည်။ Gay ဖြစ်ကြောင်း ဖွင့်ပြောသည့်အခါက ဖေဖေနှင့် ပါပါးသည် ပိုင်ခန့်ကို နားလည်ပေးခဲ့သည့်အတွက် ယခုကိစ္စကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံပေးရန်သာ မျှော်လင့်ရင်း လမ်းတစ်လျှောက်လုံး တွေးနေမိသည်။

Definitely You Where stories live. Discover now