[အစမပြုသေးသော စတင်ခြင်းတခု]
လူသူအသွားအလာ နည်းပါးသည့် ည ဆိုင်ပိတ်ချိန်
ရောက်ပြီဖြစ်သည်။ စားပွဲတွေ ခုံတွေကိုသေချာ
စီရီပြီး သိမ်းဖို့သာကျန်တော့သည်။အလုပ်ချိန်ပြီးပြီဖြစ်သော်လည်း မပြန်သေးပဲ
ဆက်ပြီးကူသိမ်းနေသေးသည့်ကောင်မလေးကို
လှမ်းကြည့်မိသည်။
ထိုကောင်မလေးက မိမိပြီးမှပြန်ရမည် ထင်နေပုံရသည်။ အချိန်က အတော်နောက်ကျနေပြီမို့ သူမအနား သွားကာ ပြန်ဖို့ပြောမိသည်။"မြတ်နိုး နင်စာကြည့်ရအုံးမယ်မလား ပြန်တော့လေ
သွား အမ ဆက်လုပ်ထားလိုက်မယ်"သူမက ပြောလိုက်မှ လုပ်လက်စ အလုပ်ကို ရပ်ကာ
ခေါင်းထောင်လာသည်။" ဟုတ် အမရော မပြန်သေးဘူးလား"
"အမက ရပါတယ် နောက်ကျမှပြန်နေကြမို့
သူဠေးက သူပြန်လာတဲ့ အထိ စောင့်ပေးဖို့လည်း ပြောထားလို့"ကောင်မလေးက ဟိုကြည့်ဒီကြည့်လုပ်ပြီး
အချိန်အတော်အတန်ကြာမှ
"ဒါ..ဒါဆို ပြန်ပြီနော် အမ" ပါးစပ်ကထွက်လာပြီး
မိနစ် အနည်းငယ်ကြာ သူ့မရဲ့အိတ်ကိုစစ်ကြည့်နေရင်း ဆိုင်တံခါးကနေ ထွက်ခွာသွားပြီဖြစ်သည်။သည်ကနေ့ကျမှ သူဌေးက အတော်နဲ့ ပေါ်မလာပေ။
ခုံတွေသိမ်းပြီး ဗိုက်ဆာလာသည်မို့ ခေါက်ဆွဲပြုတ်
စားဖို့ပြင်နေလိုက်သည်။ ရေနွေးတည်နေသည့်အချိန်မှာပင် အရှေ့ကပိတ်ထားသည့် တံခါးမှ တံခါးခေါက်သံကို ကြားလိုက်ရသည်။'သူဌေး ပြန်လာပြီထင်တယ်'
ပြန်လာပြီအထင်နဲ့ တံခါးဖွင့်လိုက်တော့ ထင်ထားသည့် သူဌေး ဟုတ်မနေ။ တခုခုမှာစားဖို့လာပုံထင်ရသည့်အ၀ါရောင်၀တ်စုံပြည့်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။
ထီးအနီရောင်လေးကို ဘယ်လက်ကတစ်ဖက်၊
စျေးကြီးလှသည့် Chanel လက်ကိုင်အိတ်လေးကို နီညိုရောင် လက်သည်းနီ ဆိုးထားသည့် သူမရဲ့သွယ်လျှသည့် ညာဘက်လက်ကလေးက တစ်ဖက်
အထက်တန်းဆန်စွာ ကိုင်ဆောင်ထားသည်။" အမ အားနာပါတယ် ဆိုင်က ခုလေးတင်ပိတ်သွားပြီရှင့်"
"ငါဘယ်သူလဲ မင်းမသိဘူးထင်တယ်"
သူမက လက်ကိုင်အိတ်ထဲက ကဒ်တစ်ကဒ်ကို
ထုတ်ကာ စိတ်အနှောက်အယှက်ဖြစ်စေလောက်တဲ့
အပြုံးတခုကို ပြုံးလာသည်။
YOU ARE READING
Love City : Through A Bridge
Fantasyဤဇာတ်လမ်းတွင်ပါ၀င်သောအကြောင်းအရာများသည်စိတ်ကူးယဥ်သက်သက်သာဖြစ်သည်။ ပြင်ပမှအကြောင်းအရာများနှင့် မည်သို့မျှသက်ဆိုင်မှုမရှိပါ