Mini Chapter final

50 23 0
                                    


♪What you know about rockin' a wolf on your noggin? What you knowin' about
wearin' a fur fox skin? I'm digging ,I'm digging,I'm searching right through that luggage..One man's trash,that's another man's come up♪

Comedy hip hopအမျိုးအစားဖြစ်သည့် Macklemore & Ryan Lewis တို့၏
ကမ္ဘာကျော်'Thrift Shop" သီချင်းကို ဘောက်နဲ့အကျယ်ကြီးဖွင့်ကာ တစ်အိမ်လုံးကြားအောင် မိုက်နဲ့အော်ဆိုနေသည့် တူဖြစ်သူ နေလပြည့်ကြောင့်
ဒေါ် လှလှတင် စာရင်းတွက်နေရာမှ ထပြီးပြောဖို့လုပ်ရသည်။

"ခေါက်ဆွဲကြော် ခေါက်ဆွဲကြော်ရေ ဘေးဖက်အိမ်ကလူတွေက ကြာရင် လာအမှုန့်ကြိတ်ကြတော့မယ်
အသံလေးဘာလေးလျှော့လိုက်ပါအုံး သား
အယ် ဒီကောင်လေး ခေါ်မကြား အော်မကြား"

အနားသွားပြီး ကျောကို ဘုန်းခနဲ ရိုက်လိုက်မှ
နေလပြည့် လက်တွင် ကိုင်ထားသည့် မိုက်ပါပြုတ်ကျပြီး မော်ကြည့်လာသည်။

"အ တီလေးရ နာတယ် ကျောရိုးကျိုးပြီထင်ပါရဲ့
ကျောင်းမသွားနိုင်တော့ဘူးထင်တယ်"

ကျောကိုင်ပြီး ကျောင်းမသွားချင်တာနဲ့ ဟန်ဆောင်ပန်ဆောင်လုပ်ပြနေသည့် တူဖြစ်သူကို ကြည့်ပြီး ခေါင်းရမ်းမိသည်။သည်ကောင်လေးက သူ့အကို ဆောင်းလပြည့်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။
အကိုဖြစ်သူကတော်သလောက် ..နေလပြည့်သည်
ညဏ်ကောင်းပေမယ့် အလွန်ပျင်းသည်။

"ခေါက်ဆွဲကြော် နင့်အကို ကော်ဖီအေးနဲ့ နည်းနည်း
လေးလောက်ပဲတူပါအုံး ခုတော့ကျောင်းပဲပုန်းချင်နေတာ ဘယ်လိုဆုံးမရမလဲကိုမသိဘူး"

"တီလေး ကလည်း ခေါက်ဆွဲကြော် ဆိုတဲ့ နာမည်ကြီး မခေါ်ပါတော့နဲ့ အသက်ကြီးတော့ ရှက်လာပြီဗျ"

"အမယ် အမယ် အသက် ၁၆ ၁၇အရွယ်လေးက
ငါ ၄၂အရွယ်အဒေါ်ကြီးလောက် ကြီးအုံးမလား
ငါခေါ်နေခဲ့တာ နှစ်ဆွေးနေပြီကို ကဲ သီချင်းကိုပိတ်ပြီး လာဆင်းခဲ့တော့ ဒီကခေါက်ဆွဲကြော်လေးအတွက် ခေါက်ဆွဲကြော်ထားတယ် အေးမသွားခင်ခေါက်ဆွဲကြော်က ခေါက်ဆွဲကြော်ကိုစားရမယ်နော်"

"ငင့် စိတ်မသက်မသာလိုက်တာ ကိုယ့်ကိုယ်ကို
ပြန်စားနေရသလိုပါပဲလား"

ဒေါ်လေးက သူ့အတူအရင်း တွေကိုသာ နာမည်ပြောင်ပေးသည်မဟုတ်။ ၀မ်းကွဲတွေကမွေးသည့် တူ၊တူမများကအစ လိမ်မ္မော်သီး၊ပန်သီး၊ပီဇာ၊ကောပြန့်လိပ် စသဖြင့် သူကြိုက်သည့် အစားအသောက်နာမည်တွေပေးထားသေးသည်။ ဒေါ်လေးလှလှတင်၏ ယခုလို ရွတ်နောက်နောက်နေတတ်သည့်Typeကြောင့်သာ နေလပြည့်နှင့်ဆောင်းလပြည့်အတွက် ပိုပြီးသက်တောင့်သက်သာဖြစ်စေခဲ့သည်။
ဒေါ်လှလှတင်သည် သူ့တူလေးနှစ်ယောက်ကို သားအရင်းသဖွယ် ချစ်ပေးသည်။ သူတို့နှစ်ယောက်ကို
စောင့်ရှောက်ရမည့်တာ၀န်တွေကြောင့်လည်း အခုအချိန်အထိ အိမ်ထောင်မပြုခဲ့ခြင်းပင်။ အဒေါ်ဖြစ်သူက တူဖြစ်သူကို ချစ်သည် မချစ်သည်ကို ၁၇နှစ်အရွယ်လူပျိုပေါက်စလေးကို ခေါက်ဆွဲကြော် ခွံကြွေးနေခြင်းမှသိနိုင်သည်။ ခေါက်ဆွဲကြော်မှ ခေါက်ဆွဲကြော်ကို အပီအပြင်စားပြီးမှ ဒေါ်လေးဖြစ်သူကို ပြုံးပြလိုက်သည်။

Love City : Through A Bridge Where stories live. Discover now