Chapter - 12

27 8 0
                                    

"ကိုကို မဒီပြောတာကို နားထောင်နေရဲ့လားဟင် ခုတလော ဘာလို့ မဒီကို အဲ့လောက် လစ်လျှူရူနေရတာလဲ အဲ့တာ ပါလို့...ဘာကြောင့်..."

နားထဲကို မလိုအပ်သည့် အသံစူးရှရှနဲ့ ဒိုင်ယာယော့ဂ်
စာသားအမှားကြီးက တိုက်ရိုက်၀င်ရောက်လာသည်မို့ ဆောင်းယု၀ေရဲ့ မျက်ခုံးတို့သည် ကွေးကောက်သွားသည်။ ဒီဇာတ်၀င်ခန်းကိုပဲ ၁၅ ခါနီးပါး ရိုက်နေရသည်ကြောင့် စိတ်တွေပါ ပျက်လာရသည်။

"ကဒ် !!ကဒ်!!မင်းသမီးရေ တကယ်ရော လေ့ကျင့်ခဲ့ရဲ့လား ဇာတ်ညွှန်းစာအုပ်ကိုလည်းအိမ်ကို ယူသွားတာပဲ ကြားထဲ နှစ်ရက်လောက်ကနားလိုက်တယ် Moodက ဘယ်ပျောက်နေတာလဲ ဒိုင်ယာလော့ဂ်တွေ
ဘာလို့ သေချာကျက်မလာရတာလဲ ကျန်တဲ့သူတွေ
ကိုအားနာအုံး"

"Sorryပါ"

တစ်ချက် စောင်းကြည့်လာရင်းလေသံမာမာ ချေမိုးနေသည့် မျက်နှာထားနှင့်ပြောလာသည့် မင်းသမီး
ရတနာမောင်၏ 'Sorry'တစ်ခွန်းကြောင့် ဆောင်းယု၀ေကို စိတ်ပျက်မှုအပြင် ဒေါသတွေကိုပါတိုးလာစေသည်။

"ကျွန်တော့်ကိုတောင်းပန်ရမှာမဟုတ်ဘူး ဘေးကတွဲဖက်မင်းသား ကိုဇေယျစိုးကို တောင်းပန်ရမှာဗျ"

ဇေယျစိုးကတော့ ​အရည်အချင်းရှိသည့် ဒါရိုက်တာ
ကို အားနာနေပုံရသည်။ မျက်စိပျက်မျက်နှာပျက်ကနေ အာနာပြုံးပြုံးလာသည်၊

"ရပါတယ်ဗျာ စီနီယာက စိတ်လှုပ်ရှားနေလို့ထင်ပါတယ်"

"ကျွန်တော်လည်း ဒီကားရိုက်ပြီးမှပဲ အသက်ရှည်မယ်ထင်ပါတယ်ဗျာ ရူတင် ခဏ Break ကြရအောင်"

ရတနာမောင်ကတော့ ဆောင်းယု၀ေကို နဂါး မျက်စောင်း ပစ်ကျွေးလိုက်သေးသည်။ ရိုက်ကူးရေးနေရာတခုလုံး အနည်းငယ်တိတ်ဆိတ်သွားသည်။

"ကိုဇေ နဲ့ ဆောင်း"

ထိုတိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သူကတော့
ရုပ်ရှင်တလောကလုံးမှာ နာမည်ကြီးမှု သရဖူဆောင်းနေတဲ့ မင်းသမီးမေသစ္စာ..

."shooting မှာပင်ပန်းနေကြမယ်ထင်လို့ မေ သဘာ၀အသီးဖျော်ရည်လေးတွေ လာပေးတာ
ရိုက်ကူးရေးတစ်ဖွဲ့လုံးကို တိုက်ချင်လို့"

Love City : Through A Bridge Where stories live. Discover now