chapter 6

262 16 2
                                    

"ဂုဏ်ပြုပါတယ်အီဂျောင်ဟျွန်း"

ဒီနေ့ကနောက်ဆုံးနှစ်ကျောင်းသားတွေကိုနောက်ဆုံးအနေနဲ့ကျောင်းကလုပ်ပေးတဲ့ဂုဏ်ပြုပွဲနေ့

ရစ်ကီ‌ကတော့ဒီအတိုင်းပန်းစည်းတစ်ခုဖြင့်ဂျောင်ဟျွန်းကိုဂုဏ်ပြုပေးခဲ့တယ်

"အွန်းကျေးဇူးပဲနော် ခီ"

ဟုတ်တာပေါ့ ရစ်ကီ့ကို ခီ လို့ခေါ်ချင်နေတာဂျောင်ဟျွန်းရဲ့အကြီးမားဆုံးသောဆန္ဒတစ်ခုပဲလေ။ဒါ့ကြောင့်စ တွဲဖြစ်တဲ့နေ့ကတည်းက တ ခီခီ နဲ့ပါးစပ်ကကိုမချဘူး။

"ဒါနဲ့ မက်သရူးကော?"

"အာ..သူဒီနေ့ကနေဒါပြန်မယ်ပြောတယ်။မလာဖြစ်လောက်တော့ဘူးထင်တာပဲ"

"အော်...ပြန်သွားတာကလဲမြန်လိုက်တာနှုတ်တောင်မဆက်သွားဘူး"

"ဟွန်းး သူရှိနေတိုင်းလဲ ခီ ကိုသူနဲ့ပဲသဝန်တိုနေပြီးတော့"

"ဟမ်...ကျွန်တော်က? ဘယ်တုန်းက"

"ဟျောင့်ရစ်ကီ ဒီတစ်ခေါက်နွေရာသီမှာဂျယ်ဂျူဒိုသွားမယ်တဲ့ အက်တာမင်းလိုက်မလား"

အမှန်ကထယ်ရယ်ကသူ့ရဲ့ဒုတိယနှစ်လေးပါတယ်ဆိုလို့ထိုခရီးကိုလိုက်မည်ဖြစ်သည်။သို့သော်သူတစ်ယောက်ထည်းလိုက်လျှင်ရိပ်မိသွားနိုင်သည်မလား။ထို့ကြောင့်ရစ်ကီ့ကိုပါလာခေါ်ခြင်းဖြစ်သည်။မလိုက်တော့ဘူးဟုပြောလျှင်လဲမရရအောင်ခေါ်ရန်စီစဉ်ပြီးဖြစ်၏။

"....."

ရစ်ကီ့ပုံစံကမသိရင်လေးလေးနက်နက်စဉ်းစားနေသည့်ပုံစံ

"ဘဒါးးးလေ ပင်လယ်ကိုသွားမှာလိုက်ခဲ့ပါကွာနော်"

"အေးပါအေးပါ"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ရစ်ကီ..!! ရစ်ကီ...ထတော့"

"ဟမ်!!ထယ်ရယ်ဘာလာလုပ်ဝာာလဲ"

ရစ်ကီလဲအိပ်ချင်မူးတူးနှင့်ကုတင်ခေါင်းရင်က Alarmနာရီကိုကြည့်မိတော့မနက်၅နာရီခွဲ၊မနက်၅နာရီခွဲမှာ
ဟိုကောင်ကအပြန်စားဝတ်ထားသေး

"ဒီနေ့ဂျယ်ဂျူဒိုကိုသွားရမယ်လေ"

"အေးလေဒါပေမဲ့အချိန်က..

As long as you love meWhere stories live. Discover now