Chapter 1.2

307 28 1
                                    

"ဒါက အမှန်ပဲလား"

"ဒီစာမူကြမ်းက ပြီးခဲ့တဲ့အပတ်ကတည်းကပြီးသွားတာ၊ ဝန်ကြီးဌာနတွေအကုန်လုံးကလည်း စစ်ဆေးပြီးသွားပြီ။ အခုက အတည်ပြုချက်ကို စောင့်‌နေရုံပဲ။" ဧကရာဇ်က "ရက်နည်းနည်းကြာပြီးရင်တော့ တချို့ကတိကဝတ်တွေက တော်တော်များများလျော့ပါးသွားပါလိမ့်မယ်။"

သူမှန်ခဲ့ပါသည်။ "အနောက်မြောက်မျိုးနွယ်စုများအား ကယ်ဆယ်ခြင်း"ဆိုသည်မှာ သူ့၏လုပ်ကြံသတ်ဖြတ်မှု အောင်မြင်ခြင်းအတွက် ဆုလာဘ်ပင်၊ အငြိမ်းစားလစာများနှင့် စစ်အေးခေတ် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ စာတမ်းရှိ အကြောင်းအရာများမှာမူ ပို၍အသေးစိတ်ပုံပေါ်လေသည်။
ဧကရာဇ်ရဲ့ရှင်းလင်းပြတ်သားလှတဲ့ မှန်းဆချက်တွေနဲ့ပတ်သက်ပြီး လုပ်ကြံသူဟာ အံ့ဩတကြီးနဲ့ငေးကြည့်မနေချင်ဘူး။ သူ့လက်ထဲကစာရွက်တွေဟာ ချက်ချင်းကိုပေါင်တစ်ထောင်လောက်လေးလာသလို ခံစားလိုက်ရတယ်၊ ကိစ္စတွေက ဒီလိုလွယ်လွယ်ဖြစ်လာတာ မယုံနိုင်လောက်အောင်ပဲ။

"ဘာလို့အခုလဲ" လုပ်ကြံသူက "အနောက်မြောက်မျိုးနွယ်စုတွေနဲ့စာချုပ်က နှစ်တော်တော်များများကျန်သေးပြီး စာချုပ်ကခုထိ သက်ရောက်တုန်းပဲလေ၊ ပြီးတော့ တော်ဝင်အင်ပါယာရဲ့ စစ်ပွဲကလည်း မပြီးသေးဘူး။"

"တော်ဝင်စစ်တပ်ဘယ်ပဲသွားသွား နန်းတွင်းလက်မှုပညာရှင်တွေကလည်း သူတို့နဲ့အတူလိုက်သွားကြတယ်။ တချို့ပျက်စီးဆုံးရှုံးမှုတွေက ပြန်တည်ဆောက်ဖို့လိုတယ်၊ လမ်းကြောင်းတွေကို ပြန်ပြုပြင်ဖို့လိုတယ်၊ ပြီးတော့ဒဏ်ရသူတွေကိုလည်း ပြန်ကုပေးဖို့လိုတယ်....။ တချို့အစီစဉ်တွေ ကြန့်ကြာသွားတာကတော့ နှမြောစရာပေါ့၊ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အင်အားကလည်းအကန့်အသတ်ရှိ‌သေးတယ်။ အသက်ကယ်ဖို့က ဦးစားပေးပဲ။" ဧကရာဇ်ကဆက်ပြောတယ် "အခု စစ်ပွဲကပြီးခါနီးပြီ။ မင်းနဲ့ငါစကားပြော‌နေတုန်းမှာပဲ ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်းက ပြတ်တောက်သွားပြီ၊ သူတို့လနည်းနည်းလောက် အချိန်ဆက်ဆွဲနေသေးရင်တောင် အချည်းနှီးခုခံမှု တစ်ခုပဲဖြစ်မှာ။ ပြန်သွားလိုက်ပါရဲဘော်။ မင်းရဲ့အသက်ကို နောက်ထပ်စွန့်စားစရာမလိုတော့ဘူး။ မင်းရဲ့အလုပ်ရှင်ကလည်း သူ့ဘာသာတောင်ကာကွယ်နိုင်မှာမဟုတ်တော့ မင်းကိုသိပ်အခက်အခဲဖြစ်စေမှာ မဟုတ်ပါဘူး။"

လုပ်ကြံသူနှင့် ဧကရာဇ်မင်းWhere stories live. Discover now