Chapter 2.2

357 21 5
                                    

"ရေချိုးဦး" ဧကရာဇ်ကပြောလာတယ်၊ "မင်း လူခေါ်စရာမလိုဘူး။ ဒီထဲမှာ ရေချိုးခန်းရှိတယ်၊ ငါမင်းနဲ့လိုက်ခဲ့မယ်။ တံခါးရဲ့ညာဘက်မှာရှိတဲ့ အနက်ရောင်စင်က လက်ကိုင်ကိုဆွဲဖွင့်ရုံပဲ။ ရေချိုးခန်းက တစ်နေကုန် ရေပူပေးထားတာ၊ အထဲမှာ အပြည့်အစုံရှိတယ်၊ အဲဒီမှာအအေးပေးသေတ္တာအသေးလေးနဲ့ အဆာပြေမုန့်တွေ‌ရော ရှိတယ်။ တကယ်လို့ မင်းငါတို့သောက်တဲ့သေရည်ကို ကြိုက်ရင်လည်း အဲ့မှာရှိတယ်.."။

ဧကရာဇ်ဟာ စကားပြောနေတဲ့တလျှောက်လုံး သူ့ကိုမကြည့်ခဲ့ဘူး။ သူ့မျက်နှာဟာ ခံစားချက်မရှိပဲ မျက်နှာသေကြီးဖြစ်နေပြီး မျက်နှာဖုံးတပ်ထားတဲ့အလားပဲ။ အခုတော့သူ့ကိုကြည့်ရတာ တည်ကြည်ခန့်ညားတဲ့ပုံတူပန်းချီနဲ့ ပိုတူနေတယ်။ လုပ်ကြံသူရဲ့ တောင့်တင်းနေတဲ့ကြွက်သားတွေဟာ ပြေလျော့ခြင်းမရှိသေးပဲ သူ့ကိုယ်ကလည်း ယားကျိကျိဖြစ်လာတယ်။ လုပ်ကြံသူဟာ တုံပြန်ဖြေကြားခြင်းမပြုဘဲ သူ့ဟာသူဆက်လုပ်နေပြီး ဧကရာဇ်ကလည်း ဆက်ပြောနေခဲ့တယ်။

ရေချိူးခန်းထဲမှာ တစ်ခုခုများရှိနေမလားပဲ။ ဒီခဏလေးမှာ ထောက်ချောက်တော့မလုပ်နိုင်လောက်ပါဘူး။ ဘယ်သူက ဦးနှောက်မရှိမှာမို့လဲ။

ခဏကြာတော့ သူသဘောပေါက်သွားတယ်။

ဧကရာဇ်က သူ့ဘာသာ "သေခါနီးလူ"တစ်ယောက်ပါလို့ အမြဲပြောနေပေမဲ့ အမှန်တော့ သူ့မှာသေပေးလိုက်ဖို့ အစီစဉ်ရှိမနေဘူး။ အခြားသူတွေထက်တောင် ပိုပြီး အသက်ရှင်ချင်နေသေးတယ်။ သူကထင်သလောက် တည်ငြိမ်နေတာတော့မဟုတ်ဘူးပဲ။ သူအသက်ရှင်ဖို့အတွက် သူ့အပေါ်သူ လက်လျှော့ပြီး ခန္ဓာကိုယ်ကို လိုလိုလားလားပေးခဲ့တယ်။ သူအလျှော့ပေးလိုက်တဲ့ သူ့ခန္ဓာကိုယ်နဲ့ လျှို့ဝှက်ချက်ဆိုတာက ခပ်လွယ်လွယ် လွှင့်ပစ်လိုက်လို့ရတဲ့ ဈေးပေါပေါ အစအန တစ်ခုမှ မဟုတ်တာ။ ဧကရာဇ်တစ်ပါးအတွက် ဆိုရင်တောင်မှ အဖိုးတန်လွန်းတယ်။

အဲဒီအသိက လုပ်ကြံသူရဲ့ မကောင်းတဲ့လိုအင်ဆန္ဒတွေကို ငြိမ်းအေးသွားစေပြီး အနည်းငယ်တော့ ယောင်ဝါးဝါးဖြစ်သွားရှာ‌တယ်။

သူခေါင်းညိတ်လိုက်တယ်၊ နောက် ဧကရာဇ်က ချက်ချင်းထရပ်ကာ စင်တွေဆီ လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်တယ်။ အဲဒီမှာ လူသွားလမ်းတိုလေး တစ်ခုရှိပြီး လမ်းရဲ့အဆုံးမှာတော့ နောက်ထပ် တံခါးတစ်ချပ်ရှိတယ်။ ဧကရာဇ်က သူ့အဝတ်တွေကို တံခါးအပြင်ဘက်က ကြိုးမှာချိတ်ထားခဲ့ခိုင်းတယ်။ လုပ်ကြံသူဟာ ရေနွေးငွေ့တွေ လွှင့်ပျံနေတဲ့ ဒုတိယတံခါးဆီကို ဝင်လိုက်ပြီးတဲ့နောက်မှာတော့ သူ့ဘာသာရေပူစမ်းဆီ ရောက်နေတယ်လို့တောင် ထင်မှတ်လုနီးပါးပဲ။

"ရေ‌နွေးကန်မှာ မင်းကိုခစားဖို့ အစေခံတစ်အုပ်‌လောက်ကတော့ အမြဲရှိနေမယ် ထင်ထားတာ"၊ အရပ်သားတွေရဲ့ ဇိမ်ခံရေချိုးခန်းအပေါ် စိတ်ကူးနိုင်စွမ်းက အစကတည်းက အကန့်အသတ်နဲ့ပဲ။ ရေချိုးခန်းက ကန်ကြီးတစ်ကန်လောက်ကို ကြီးမားတယ်၊ ပြီးတော့ ကမ္ဘာဦးငှက်ပုံစံ ထွင်းထုထားတဲ့ ကျောက်တုံးကြီးရဲ့ နှုတ်ခမ်းကနေ ရေတွေကဆင်းနေပြီး ကန်ကို အမြဲမပြတ် ရေပူဖြည့်ပေးနေတယ်။ ဘယ်ကနေတော့ မသိဘူး၊ တစ်နေရာရာကနေအမွှေးနံ့တွေ ထွက်နေတယ်၊ ရေနွေးစိမ်နေချိန်မှာ လူတွေကို ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ်စေဖို့အတွက် တစ်နေရာမှာ လေဝင်ပေါက်လေး တစ်ခုရှိ‌တယ်။ ရေချိူးခန်းဟာ မှုန်မှိုင်းနေပြီး နန်းတော်ထဲမှာရှိနေတုန်းပဲ ဆိုတာတောင် စိတ်ကူးဖို့ ခပ်ခက်ခက်ပဲ။

ဧကရာဇ်က သူ့ကို ရေကန်ရဲ့ငန်းလည်ပင်းကို လှည့်ဖွင့်ခိုင်းလိုက်တယ်။ ငန်းတွေဟာ ရေပိုက်နဲ့ဆင်တူပြီး ရေရဲ့အပူချိန်ကို ထိန်းညှိ‌ပေးဖို့အတွက်လည်း သုံးလို့ရသေးတယ်။ ဧကရာဇ်က ပြောတယ် "နံရံနောက်မှာက ရေပူရေအေးပိုက်လိုင်းတွေ မြုပ်ထားတယ်။ စက်ခလုတ်က အချိုးအဆချိန်ပြီး အပူအအေးရောထားတဲ့ ရေတွေက ငန်းပုံစံစည်ကြီးထဲမှာပဲ"။

ရေက ပုံမှန်ပဲ ဆက်ပြီးစီးဆင်းနေလေတယ်၊ ရေရဲ့ အပူချိန်ဟာ ကိုယ်အပူချိန်ထက် အနည်းငယ်ပိုမြင့်နေတာကြောင့် လူကို အရမ်းသက်တောင့်သက်ဖြစ်သွားစေတယ်။ အထူးသဖြင့် လမ်းမှာအိပ် လမ်းမှာစားပြီး ရက်တော်တော်များများကို အေးစက်နေတဲ့ ကျောက်နံရံတွေပေါ်မှာပဲ ပုန်းနေခဲ့ရတဲ့ လုပ်ကြံသူအတွက်‌တော့ ကျေနပ်ပီတိဖြစ်ပြီး ဘဝင်ခိုက်နေတဲ့ ရေရွတ်သံကိုတောင် ထွက်လာစေတယ်။ သူ ကျေနပ်စွာနဲ့ သက်ပြင်းချလိုက်ပြီး ဘေးကိုလှမ်းကြည့်လိုက်တယ်။ ဧကရာဇ်က သူ့ဘေးက ရေပန်းအောက်မှာ ရပ်နေတယ်၊ သူက ကျောက်စိမ်းပုလင်းငယ် တစ်ခုကို ဖွင့်ကာ အဆီတွေကို သူ့လက်ထဲ လောင်းချလိုက်ပြီး ဆံပင်မှာ လိမ်းလိုက်တယ်။ လုပ်ကြံသူက ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်ကာ ဘူးသီးခြောက်ကို ဖွင့်သလိုဖွင့်ပြီး အနံခံကြည့်လိုက်တော့ ဒါက ဧကရာဇ်ဆီက ရတဲ့အနံ့နဲ့ အတူတူပဲဆိုတာ သူသိလိုက်ရတယ်။ အဲဒီအသိက သူ့ရဲ့လိင်တံကို အားတက်သရော တုန်ခါလာစေပြန်တယ်။


********************

Koe.
31 Oct 2023

You've reached the end of published parts.

⏰ Last updated: Oct 30, 2023 ⏰

Add this story to your Library to get notified about new parts!

လုပ်ကြံသူနှင့် ဧကရာဇ်မင်းWhere stories live. Discover now