Chapter 2.1

317 27 4
                                    

Chapter 2

အခန်းက တိတ်ဆိတ်မှုထဲကျရောက်သွားခဲ့တယ်။ အချိန်အနည်းငယ်ကျမှ လုပ်ကြံသူခမျာ ဒီစကားကဘာအဓိပ္ပာယ်လဲဆိုတာကို သဘောပေါက်တော့တယ်။ သူအသက်ရှူကြပ်သွားမိပြီး သူများမှားကြားလိုက်သလားလို့ သံသယဝင်လာမိတယ်။

သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်ကြတဲ့တခြား နိုင်ငံ့မှူးမတ်ကြီးတွေလိုပဲ ဧကရာဇ်မှာလည်း မုတ်ဆိတ်မွှေးတွေ မရှိဘူး။သူ့မျက်နှာက နူးညံ့တဲ့ကောက်ကြောင်းလေးနဲ့ ချောမွေ့နေတယ်၊ ဒါပေမဲ့ဒီမျက်နှာလေးက သိမ်မွေ့ညင်သာနေရမဲ့အစား ချောမောခန့်ညားနေလေတယ်။ ဧကရာဇ်ရဲ့ညဝတ်အင်္ကျီဟာ သူ့ရဲ့ပန်းသီးကိုမြင်နိုင်လောက်တဲ့အထိ ကြယ်သီးကပြုတ်နေခဲ့တယ်။ ပိုးထည်စက သူ့ရဲ့ ခန္ဓာကိုယ်နေရာအများစုကို ဖုံးကာထားပြီး ကြယ်သီးပြုတ်နေတဲ့နေရာက သူ့ရဲ့ဖုံးကွယ်ထားတဲ့ရင်သားတစ်စုံနဲ့ အတော်လေးနီးနေတယ်။ လုပ်ကြံသူက သူ့မျက်နှာကိုစိုက်ကြည့်လိုက်တယ်၊ ပြီးတော့သူ့ရင်ဘတ်ဆီငုံ့ကြည့်လိုက်တယ်၊ နောက်ပြီးတော့ ....

"ငါကမိန်းမ မဟုတ်ဘူး။" ဧကရာဇ်က ထပ်ပြောလာတယ် "ဒါပေမဲ့ ယောက်ျားရော မိန်းမရောနှစ်မျိုးလုံးနဲ့ မွေးလာတာကို မင်းမြင်ဖူးလား။"

လုပ်ကြံသူက ရိုးသားစွားဖြေလိုက်တယ် "မမြင်ဖူးဘူး။"

ဧကရာဇ်က ဆိုတယ် "ဒါဆိုမင်း ဒီနေ့မြင်လိုက်ရပြီ။"

ဧကရာဇ်ရဲ့မျက်လုံးတွေက‌ အောက်နိမ့်သွားပြီး သူ့အင်္ကျီကြယ်သီးကိုဖြုတ်လိုက်တယ်။ ဝတ်ရုံရှည်ဟာ သူ့လည်ပင်းကနေ ခြေတစ်ဆုံးထိ ဖုံးကာထားတယ်၊ သူခါးပတ်ကို ဖြည်လိုက်တဲ့အချိန်မှာတော့ လုပ်ကြံသူဟာ အတွင်းခံတောင်မပါပဲ ဘာမှမဝတ်ထားတဲ့သူ့ကို တွေ့လိုက်ရတယ်။ အတွင်းခံမပါဘူး!! ။ လုပ်ကြံသူလက်မှာ တုန်ယင်သွားခဲ့ပြီး ဧကရာဇ်ရဲ့လည်တိုင်ကနေ သွေးတွေထပ်ကျလာခဲ့တယ်။ လုပ်ကြံသူခမျာ ဧကရာဇ်ကိုမတော်တဆ သတ်လိုက်မိမှာစိုးတာကြောင့် ဓါးကိုအမြန်ဖယ်လိုက်ရတယ်။

နက်မှောင်နေတဲ့ညဝတ်အင်္ကျီက ကြယ်သီးတွေအများကြီးနဲ့ဖြစ်ပြီး ခါးပတ်ကြိုးကလည်း ရှုပ်ယှက်ခတ်ပြီး လှပနေတယ်။ လုပ်ကြံသူကတော့ ဒါကိုလက်နဲ့ ဘယ်လိုဖြည်လဲဆိုတာ မသိကိုမသိနိုင်တော့ဘူး၊ ဒါကြီးကို ဘယ်လိုများဝတ်အိပ်ကြတာပါလိမ့်။ ဧကရာဇ်က ကြိုးတစ်ချောင်းချင်းကို ဖြည်းဖြည်းချင်းဖြည်နေပြီး သူ့ရဲ့ဖြူဖျော့ဖျော့လက်တွေကလည်း အနက်ရောင်ညဝတ်အင်္ကျီပေါ်မှာ ထင်ရှားတောက်ပလေနေတယ်။သူ့လက်တွေက သွယ်လျပြီး လိုက်လျောညီထွေရှိလှတယ်။ သူကြည့်လိုက်တာ အသားမာတောင်မရှိဘူး။မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ ဖယောင်းတိုင်မီးရောင်အောက်မှာ သူ့မျက်တောင်တွေက မသိမသာတုန်ယင်နေပြီး အရိပ်ကျနေပုံကလည်း လိပ်ပြာတောင်ပံလေး တဖျပ်ဖျပ်ခတ်နေသလိုပဲ။ လုပ်ကြံသူမှာ လိပ်ပြာလေးတစ်ကောင် သူ့ရင်အုံဆီပျံဝဲလာပြီး သူ့နှလုံးသားလေးကို လာကုတ်ခြစ်နေသလိုခံစားလိုက်ရတယ်။

လုပ်ကြံသူနှင့် ဧကရာဇ်မင်းWhere stories live. Discover now