၂၄(U/Z)

109 5 0
                                    

နတ်တော်လထဲသို့ရောက်လို့ဆောင်း၏အအေးဓာတ်သည်ပိုလိုပင်တိုးလာကာမနက်ဆိုထချင်စိတ်တောင်ပျောက်မိလေသည် ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့်အိမ်တွင်အသာလေးအိပ်နေလို့ရသော်လဲ ဇနတို့နဲ့လက်ဖက်ရည်ဆိုင်တွင်ချိန်းထားသည်ကြောင့်လွမ်းရစ်မှာထရလေသည် အိပ်ရာက​​နေနိုးနိုး ချင်းမျက်လုံးကိုသာဖွင့်မိထားလေသည် ကိုယ်ကတော့မထသေးချေ အိပ်ရာထဲမှာသာလူးလိမ့်နေလေသည် ခနအကြာတော့အိပ်ရာကနေထ၍ အိပ်ရာခင်းတွေကိုသိမ်းကာ မျက်နှာသစ်ဖို့အိမ်အောက်သို့ဆင်းလာလိုက်သည် ​ဆောင်းရာသီသည်ညတာရှည်၍နေ့တာတိုသည်ဟူသောအပြောကြောင့် အချိန်ကာလသည်၆နာရီဖြစ်သည်တောင်မလင်းသေးချေ လွမ်းရစ်အိမ်တံခါးကိုဖွင့်ခိုက်မျက်နှာကိုတိုးဝင်လာသည်လေအေးအေး​ကြောင့်ကြက်သီးပင်ထသွားလေသည် နောက်တော့လက်ကိုသာပိုက်လျက် အိမ်အောက်သို့ဆင်းလာလေသည် အနောက်ဘက်ရေစည်ရှိရာသို့သွားလိုက်၍ ရေစည်ထဲထည့်ထားသည့်စတီးခွက်ကိုယူလိုက်လေသည် စတီးခွက်ကိုထလိုက်ချိန်ကျိန်းကနဲအေးသွားသည်ကြောင့် မျက်နှာသစ်ချင်စိတ်တောင်ပျောက်သွားလေသည် သို့သော်အားတင်း၍ ရေကိုခပ်လိုက်ကာလက်ထည့်စမ်းကြည့်လိုက်တော့ တကိုယ်လုံးကိုကျင်တက်သွားလေသည် စည်သည်လဲကျောက်စည်ဖြစ်သည်ကြောင့် ရေမှာရေမခံရုံတမယ်အေးစက်နေလေသည် အမြန်လေးသွားတိုက်မျက်နှာသစ်၍ အိမ်ပေါ်သို့ပြေးတက်လိုက်လေသည်
အိမ်ပေါ်ရောက်တော့မိမိအခန်းရှိရာဆီသို့ဝင်သွား၍မျက်နှာသုတ်ကာအနွေးထည်ကိုဝတ်ဖို့လုပ်လိုက်လေသည် ထိုအခါတွင်ပန်းကန်တွေတင်ထားသည့် ခုံပေါ်တွင်ဟိုတစ်နေ့ကအဒေါ်ကြီးပေးလိုက်သည့်အအေးဘူးကိုတွေ့ခိုက် လွမ်းရစ်ပြုံးမိသွားသည် ထိုနေ့ညကအမှတ်တရသည်သိပ်ကိုနွေးထွေးသည် ချမ်းစိမ့်စိမ့်ဖြစ်နေသည့်ညဘက်မှာတောင်ဇနဖြင့်တူတူရှိနေသည်ကြောင့်နွေးထွေးသွားသလိုခံစားချက်ကိုခံစားမိသည်ကို မှတ်မိသေးသည်ထို့အပြင်ဆောင်းရာသီကြီးအအေးတိုက်သည့်အဒေါ်ကြီးကြောင့်နှစ်ယောက်သားအူလိမ့်အောင်ရယ်ခဲ့ရသည် ထိုအရာတွေမှာ လွမ်းရစ်မှတ်ဉာဏ်ထဲတွင် ဗီဒီယို တစ်ပုဒ်လိုပင်..

အတိတ်ကခြေရာများ Where stories live. Discover now