၃၆(U/Z)

110 4 0
                                    

"မကွေးကို.."

"အင်း ငါတို့အမေရဲ့အကိုကြီးရဲ့သမီး ပြောရမယ်ဆိုရင်ငါ့အမဝမ်းကွဲပေါ့ သူရဲ့မင်္ဂလာဆောင်ကိုလာခိုင်းလို့ မင်္ဂလာဆောင်သွားရင်းနဲ့မကွေးကိုလည်ရင်ကောင်းမလားလို့.."

နေသစ်သည် အကုန်လုံးကိုလက်ဖက်ရည်ဆိုင်တွင်ချိန်းလိုက်သည်ကြောင့်လေးယောက်သားလက်ဖက်ရည်ဆိုင်တွင်စုမိနေသည်။

"အဲ့ဒါငါတို့ကလိုက်ရမှာလား..."

လွင်မင်းမှာနေသစ်၏စကားကိုခပ်အေးအေးလေးဝင်ပြောတော့

"အေးပေါ့ငါတစ်ယောက်ထဲမသွားချင်လို့အထီးကျန်လို့မင်းတို့ကိုပါလိုက်ဖို့ခေါ်တာ.."

"မိသားစုနဲ့သွားလေအမျိုးမင်္ဂလာဆောင်ပဲကို"

လွမ်းရစ်ကဝင်ပြောတော့ နေသစ်မှာ

"တစ်ယောက်မှမအားလို့ပေါ့ဟ အဖေကလဲရုံးအလုပ်ကမအားဘူးနောက်ပြီးအိမ်မှာအမေမရှိလို့ကလဲမဖြစ် ငါ့အကိုတွေကလည်းအကုန်ရန်ကုန်မှာလေ..အဲ့တော့အားယားနေတာငါပဲရှိတော့ အဘကြီးကငါ့ကိုလာခိုင်းတာပေါ့မလာရင် နရင်းလာအုပ်မယ်တဲ့..အဲ့ဒါငါလဲတစ်ယောက်ထဲမသွားချင်လို့မင်းတို့ကိုအဖော်လာဆက်တာ လိုက်ခဲ့ပါလား..ငါနဲ့"

"ရတယ်လေငါလဲခရီးတိုတစ်ခုလောက်သွားမယ်လို့တွေးနေတာ ကွက်တိဖြစ်သွားတာပေါ့"

လွင်မင်းကထိုသို့ပြောတော့ နေသစ်မှာလွင်မင်းကိုမျက်လုံးမှေးစင်းလျက်ကြည့်လိုက်လေသည်။ ထိုအခါတွင်လွင်မင်းမှာအူကြောင်ကြောင်လေးဖြစ်သွား၍

"ဘာ..ဘာလဲ.."

"ခရီးတိုကဘာလဲ.."

"ဟမ်..ဘာကိုလဲ.."

"မင်းလိုအပြင်ထွက်ဖို့တောင် ဖင်မကြွတဲ့ကောင်ကခရီးတိုဆိုတော့ ဘာလဲဘာလဲမင်းရဲ့ကိုကိုနဲ့ ဟန်းးးနီးးးမွန်းးးလား..."

ထိုသို့ပြောသည်ကြောင့်လွင်မင်းမှာမျက်နှာပင်ရဲတက်လာ၍ ခေါင်းသည်မြေကြီးကိုထိလုမတတ်ငုံ့မိသွားသည်။

"မ..ဟုတ်..ဟုတ်..ပါဘူး..ဘာ..တွေပြောနေတာလဲ..!!"

ထိုသို့ပြောသည်ကြောင့်သုံးယောက်မှာရယ်မိလေသည်။ထိုအခါတွင် နေသစ်မှာ လွင်မင်း၏ကျောပြင်ကိုခပ်ဖွဖွလေးပုတ်၍

အတိတ်ကခြေရာများ Where stories live. Discover now