၄(U/Z)

191 9 1
                                    

လွမ်းရစ်နှောင်နဲ့မှိုင်းဇနနောင် ရင်းနှီးလာသည်မှာတစ်ပတ်ပဲရှိသေးသော်လဲ နှစ်ချို့သူငယ်ချင်းတွေလိုပင် နီးစပ်လျက်ရှိသည်
ထို့အပြင် မှိုင်းဇနနောင်သည် လွမ်းရစ်နှောင်ကို အရမ်းကပ်ကာ ချွဲတတ်သည်မှာ လွမ်းရစ်နှောင်အဖို့စိတ်ရှုပ်စရာကောင်းသော်လဲ လွမ်းရစ်နှောင်သည် သည်းခံကာ ချွဲသမျှကိုလိုက်လုပ်ပေးနေတတ်သည်

လွမ်းရစ်နဲ့အရမ်းရင်းနှီးကာသူငယ်ချင်းအရင်းကြီးတွေလိုဖြစ်သော်လဲ မျက်နှာပွင့်
သည့်မှိုင်းဇနသည် တစ်ပတ်အတွင်းမှာပဲသူငယ်ချင်းအများကြီးရှိလာလေသည်
ထိုတစ်ပတ်အတွင်းမှာလဲ လွမ်းရစ်နှောင်၏ နှလုံးသားသည်လဲ မှိုင်းဇနနောင်နဲ့တွေ့တိုင်း ပြောပြလို့မရသည့်အရာများကို ဖြစ်ပျက်နေသည်
ဉပမာ မှိုင်းဇနနောင်ပြုံးတိုင်း နှလုံးခုန်နေသည်မှာပေါက်ထွက်မတတ်ပင်...

လွမ်းရစ်နှောင်တစ်ယောက် မှိုင်းဇနကိုသိပ်အားကျလေသည်
အဘယ်ကြောင့်ဆိုသော် သူ့လိုဒီကျောင်းမှာသူငယ်တန်းကတည်းကတက်လာသူက ၉တန်းရောက်သည်အထိသူငယ်ချင်းတစ်ယောက်မှမရှိချေ
ဘယ်သူမှလဲသူ့ကိုသူငယ်ချင်းအဖြစ်နဲ့မသတ်မှတ်သလို စာမေးချင်တဲ့အချိန်မှသာသူငယ်ချင်းအဖြစ်သတ်မှတ်ကြသည် ကျန်တဲ့အချိန်ဆို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်အောက်မမေ့ချေ..

မှိုင်းဇနနောင်ကျတော့ကျောင်းကိုပြောင်းလာတာတစ်လပဲရှိသေးတယ် သူငယ်ချင်းအပေါင်းအသင်းတွေအများကြီးရှိနေပြီဖြစ်သည်ကြောင့် လွမ်းရစ်အားကျရခြင်းဖြစ်ပေသည်

ခင်မင်ပြီးတစ်ပတ်အကြာတွင် လွမ်းရစ်နှောင်၏အိမ်ကို မှိုင်းဇနနောင်လာလည်ကာ ဒီကနေ့စနေသည် လာလည်သည့်ပထမဉီးဆုံးရက်ပင်ဖြစ်ပေသည်  မှိုင်းဇနနောင်မနက်ထဲကရောက်နေကာ သူ့ကိုစာရှင်းပြဆိုပြီးလွမ်းရစ်ကို အပူရှာနေသည် သို့သော် လွမ်းရစ်နှောင်သည်စာနဲ့ပတ်သက်ရင်သူကိုယ်တိုင်ရှင်းပြရသည်ကိုဝါသနာပါသောကြောင့် လိုလိုလားလားပင်လက်ခံခဲ့သည်

နေ့ခင်းအချိန်အရောက်တွင်...

"မတွက်ချင်တော့ဘူးကွာ "

အတိတ်ကခြေရာများ حيث تعيش القصص. اكتشف الآن