Xiao-holic

905 41 0
                                    

" 老王,生日快乐 [ Lao Wang  Shēngrì kuàilè] "

ချိုချိုအီအီအသံလေးကိုဘယ်နှစ်‌ကြိမ်မြောက်မှန်းမသိနားထောင်ရင်း ဝမ်ရိပေါ်တစ်ယောက်ပြုံးမိတယ်။

မနက်မိုးလင်းကတည်းက ချစ်ရသူပို့ထားတဲ့ ဒီအသံဖိုင်လေးကြောင့် ဝမ်ရိပေါ်ရဲ့ဒီနေ့ကပြီးပြည့်စုံသွားသလိုခံစားရတယ် ။

ဟုတ်ပါတယ် ဒီနေ့က ဩဂုတ်လ ၅ ရက်နေ့ ဝမ်ရိပေါ်အသက် ၂၆ နှစ်တိတိပြည့်တဲ့နေ့ဖြစ်ပါတယ် ။

ဒီနေ့အတွက်လို့ရည်ရွယ်ပြီး မနေ့ကတည်းကအလုပ်တွေအကုန်ဖြတ်ပြီးအပြီးသတ်ခဲ့တယ် ။ အစကတော့ ချစ်ရသူနဲ့ သူ့ကွန်ဒိုမှာတူတူ ရိုးရိုးရှင်းရှင်းမွေးနေ့ပွဲလေးကျင်းပမယ်လို့ စိတ်ကူးထားပေမယ့် အမှတ်မထင် ပေါ်လာတဲ့ schedule ကြောင့် ရှောင်းပေါင်ပေ့က ရိုက်ကူးရေးသွားလိုက်ရသည်လေ ။

မမေ့မလျော့ မွေးနေ့ဆုတောင်းလေးပို့ထားခဲ့တာကို အကြိမ်ကြိမ်ပြန်နားထောင်ရင်း ဝမ်ရိပေါ်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ် ။

အလုပ်တွေနားထားမှတော့ မထူးပါဘူး သန့်ရှင်းရေးနည်းနည်းလုပ်ဖို့ ဝမ်ရိပေါ်တွေးမိတယ် ။ ရှောင်းပေါင်ပေ့က အရမ်းကိုအသန့်ကြိုက်တာ ။ ဝမ်ရိပေါ်ကတော့ လူငယ်ပီပီ တစ်ခါတစ်လေ စိတ်မပါရင် ပစ်စလတ်ခတ်နေတတ်ပေမယ့် ရှောင်းကျန့်ကတော့အဲ့လိုမဟုတ်ဘူး။ အမြဲတမ်း သန့်သန့်ရှင်းရှင်းနဲ့ သူ့ကိုယ်သူလည်းတသသ နေတတ်တယ် ။

ပြီးတော့ ရှောင်းပေါင်ပေ့က အလှလည်းကြိုက်တယ် ။ အလှကြိုက်တယ်ဆိုတာ မင်းတို့ဘယ်လိုနားလည်လဲတော့မသိဘူး ။ ဆိုလိုချင်တာက သူ့မျက်လုံးထဲအရာအားလုံးကို လှလှပပလေးပဲမြင်ချင်တာမျိုး ။ စာအုပ်တွေစီထားရင် တညီတညာထဲပဲဖြစ်ချင်တယ် ။ တစ်အုပ်လောက်အစွန်းထွက်နေရင် သူ့မျက်လုံးကသတ်မှတ်ထားတဲ့အလှစံချိန်ကိုမမီတာပဲ။ မင်းတို့ကတော့ OCD လို့‌ ပြောကြမှာပေမယ့် ငါ့အတွက်တော့ ဒါကရှောင်းပေါင်ပေ့ရဲ့ သူများနဲ့မတူတဲ့အလှသတ်မှတ်ချက်တစ်မျိုးပဲ ။

သန့်ရှင်းရေးမလုပ်ခင် အဝတ်တွေအရင်လျှော်ဖို့သတိရသွားတယ် ။ ဒါနဲ့ပဲ လျှော်ရမယ့်အဝတ်တွေထည့်ထားတဲ့ခြင်းထဲက အဝတ်တွေကိုသွားယူလိုက်တယ် ။ အဝတ်ဟောင်းတွေကို အဝတ်လျှော်စက်ထဲထည့်နေရင်း တစ်ထည်မှာ ဝမ်ရိပေါ်ရဲ့လက်ကရပ်တန့်သွားတယ် ။

Xiao-holic (ရှောင်းကျန့်ကိုစွဲလမ်းခြင်း) [Not For Minors]Where stories live. Discover now