Unicode
"အကို....."
"အင်း အင်း အကိုရှိတယ် ကလေးငယ်..... အကိုရှိတယ်"
"အကို"
အထပ်ထပ်ခေါ်နေပုံလေးက သူတစ်ယောက်တည်းဖြစ်နေမှာ ကြောက်နေသယောင်။
"ကျွန်တော်....."
"ရှူး.....ခဏလောက်လေး နားနေလိုက်ပါ ကလေးငယ် ခဏလောက်လေး...."
သူချော့မြူသလိုပြောတော့ ကလေးငယ်က ငြိမ်ကျသွားကာ မျက်ဝန်းအစုံက အရည်ကြည်လေးတွေဝေ့သီနေလေရဲ့။
"မငိုရဘူးနော် ခေါင်းမူးမယ်.."
ဆံပင်လေးတွေကို ဖွဖွကလေးသပ်ပေးနေရင်း ပြောတော့ တွေတွေကလေးဖြစ်ကာ သူ့ကိုငေးနေပြန်သည်။
"ကလေးငယ်ဘာစားချင်လဲဟင် အကိုသွားဝယ်......"
"ထားမသွားပါနဲ့ ကျွန်တော့်ကို တစ်ယောက်ထဲ ထားမသွားပါနဲ့နော်"
သူမတ်တပ်ထရပ်တော့ လက်ကောက်ဝတ်ကို အလျင်အမြန်ဆွဲကာ အလန့်တကြားပုံလေးနဲ့ပြောလာလေသည်မို့ သက်ပြင်းချရင်း အနားတွင်ပြန်ထိုင်လိုက်သည်။နောက်တော့ လက်သွယ်သွယ်လေးတွေကို အုပ်ကိုင်ရင်း
"အင်းပါ အကိုမသွားဘူးနော် ဟုတ်ပြီလား မကြောက်နဲ့"
မျက်ဝန်းလေးတွေက သူ့ကိုမလွတ်တမ်းစိုက်ကြည့်နေလေသည်။
"ညီမလေးကလေ...."
"ကလေး....."
"ကျွန်တော်ပြောချင်လို့ပါအကို ခဏလေးပဲ ပြောပြပါရစေ"
တကယ်ပြောချင်နေတဲ့ပုံမို့ စိတ်ချမ်းသာအောင် ပြောခွင့်ပြုလိုက်လေသည်။
"ညီမလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာအကိုရဲ့.... အစက သူ့မှာဘာစိတ်ညစ်စရာများရှိလို့လဲလို့ တွေးမိပေမဲ့ တွေးမရခဲ့ဘူးသိလား....ကျွန်တော်ညီမလေးရဲ့ Diary ကိုဖတ်ကြည့်မိတယ်....အဲ့မှာ အဲ့မှာ...."
အသံလေးက တုန်ယင်နေတာမို့ ဆက်မပြောစေရန် ချော့မြူလိုက်ရသည်။အဲ့နောက် သူနဲ့အတူပါလာလို့ စားပွဲပေါ်တင်ထားပေးထားတဲ့ စာအုပ်ကလေးကို လက်ညှိုးထိုးပြတာမို့ ယူပေးလိုက်လေသည်။
YOU ARE READING
Darling,you look perfect "TONIGHT"
FanfictionUnicode+Zawgyi ချစ်ခြင်းက ရယူခြင်းလား ပေးဆပ်ခြင်းလား? ကျွန်တော့်အတွက်ကတော့ ရယူခြင်းပဲ ဟုတ်တယ် ကျွန်တော်က ရမ္မက်ကြီးတယ် အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ်ကြီးတယ် ဒါတွေက ခင်ဗျားကို ချစ်လို့ ခင်ဗျားကိုမှ ချစ်မိသွားခဲ့လို့။ ဒါပေမဲ့........ခင်ဗျားကို ပိုင်ဆို...