Part-7

251 13 2
                                    

Unicode

မနက် 1:00။

ရှောင်ကျန့်မူးနေတဲ့ ခေါင်းကိုဖိနှိပ်ကာ မျက်လုံးတို့ကို ဖြည်းညင်းစွာဖွင့်လိုက်သည်။

"ကျစ်"

*ငါဘယ်ရောက်နေတာလဲ*

ဟိုဟိုသည်သည်ကြည့်ရင်း ဖြည်းဖြည်းချင်းထထိုင်လိုက်လေသည်။

"နိုးလာပြီလား"

ဘေးနားကအသံကြောင့် ရှောင်ကျန့်လှည့်ကြည့်မိတော့ လူတစ်ယောက်က အနားကခုံပေါ်မှာ စာအုပ်တစ်အုပ်ကိုင်ထားလျက်သားနှင့် သူ့ကုစာအုပ်နောက်က ချောင်းကြည့်လာသည်။

*မနေ့ညကလူပဲ*

တွေးနေတုန်းထိုသူက ထရပ်လာပြီး သူ့ဆီလျှောက်လာတာကြောင့် ကိုယ်ကိုကျုံ့ထားမိသည်။

"မင်း.....မင်းငါ့ကိုဘယ်ခေါ်လာတာလဲ"

"ကိုယ့်အိမ်လေ ရှောင်းရဲ့"

"ဟင့်အင်း ငါ့ကို ငါ့အိမ်ပဲပြန်ပို့ပေးပါနော်"

မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ ပုံစံလေးက ချစ်ဖို့ကောင်းနေတာမို့ ဝမ်ရိပေါ်ရင်ထဲ မြှားအချက် 100လောက် စိုက်သွားတော့သည်။

"ဟင့် ငါ့ကိုပြန်ပို့ပေးပါနော်"

"ရော် ခိုးလာပါတယ်ဆိုမှ ပြန်ပို့ဖို့အစီအစဥ်မရှိဘူးလေ ရှောင်းရဲ့"

"ငါ ဘာအပြစ်လုပ်ထားလို့လဲ ဘာအပြစ်ရှိလို့ ပြန်ပေးဆွဲလာတာလဲ"

"အပြစ်လား လုပ်ထားတာပေါ့..အများကြီးပဲ...ကိုယ့်နှလုံးသားကို ခိုးယူသွားတာ တစ်ပြစ်...ကိုယ့်စိတ်ကိုစိုးမိုးထားတာ တစ်ပြစ်...ကိုယ့်အတွေးတွေထဲ အမြဲမင်းရောက်နေတာတစ်ပြစ် အများကြီးရှိသေးတယ် ကဲအဲ့တော့ အပြစ်တွေအများကြီးလုပ်ထားတဲ့သူကို အပြစ်မပေးသင့်ဘူးလား"

ကုတင်ပေါ်လက်ထောက်ကာ မျက်နှာနားထိကိုယ်ကိုကိုင်းလိုက်တော့ ပိုလို့ပင်ကျုံ့သွားကာ ပေါင်နားကစောင်ကို မျက်နှာနားထိ ဆွဲခြုံလိုက်လေသည်။

"မကြောက်ပါနဲ့ ဟုတ်ပြီလား"

ကုတင်ဘေးစွန်းတွင် ဝင်ထိုင်ရင်း ချိုချိုသာသာပြောလိုက်လေသည်။

Darling,you look perfect "TONIGHT"Where stories live. Discover now