Unicode
"ပျော်လား"
"အွန်း"
ညစျေးတန်းရဲ့ မီးရောင်ဖျဖျတွေကို ခုံတန်းလေးပေါ်မှာ အတူတူ ထိုင်ကြည့်ရင်း ဟန်ရှန့်က မေးလိုက်သည်။
"ဘာစားချင်သေးလဲ"
"ပေါက်ဆီ"
မဆိုင်းမတွပြန်ဖြေလာတာမို့ တစ်ချက်ရယ်ရင်း ထရပ်လိုက်သည်။
"ဟိုးနားလေးတင်ဆိုတော့ အကို့ဘာသာပဲသွားဝယ်လိုက်မယ် ဒီမှာခဏနားနေမလား"
"ညောင်းနေတာနဲ့အတော်ပဲ ဟီး"
ခေါင်းတစ်ချက်ငြိမ့်ပြခဲ့ပြီးနောက် ဟန်ရှန့်လည်း တစ်ဖက်ရှိ စျေးဆိုင်ဆီ သွားလိုက်သည်။ကျန်ခဲ့တဲ့ ရှောင်ကျန့်ကတော့ ခြေပစ်လက်ပစ်ထိုင်နေကာ ဟိုငေးသည်ငေးလုပ်နေလေသည်။
"ဟို ဒီက အကိုဗျ"
"ဟင်"
တစ်ယောက်ထဲရှိနေတုန်းက အနားကို ကောင်လေးတစ်ယောက်က ကုပ်ကုပ် ကုပ်ကုပ် နဲ့ရောက်လာလေသည်။
"ဒီကအကိုကို ဟိုနားက အကိုကြီးက ဒီနှင်းဆီပန်းလေး ပေးခိုင်းလိုက်လို့ပါ"
ရှောင်ကျန့်လည်း ဘာမှန်းမသိပေမဲ့ ထိုကလေးက အတင်းထိုးပေးနေတာကြောင့် ယူမိလိုက်သည်။
"ဟို ညီလေး"
"ဗျာ"
ထွက်သွားမယ်လုပ်တဲ့ကလေးကို ပြန်ခေါ်လိုက်တော့ ဟိုကကြောင်တောင်တောင်လေး လှည့်ကြည့်လာသည်။
"ဘယ်သူပေးခိုင်းလိုက်တာလဲ မှတ်မိလား"
"ဟိုးနားက......အဲ ဘယ်ပျောက်သွားတယ်မသိ"
တစ်ဖက်ကို လက်ညှိုးထိုးပြတာမို့ သိချင်စိတ်နဲ့ လှမ်းကြည့်မိပေမဲ့ လူရှုပ်နေတာမို့ ဘယ်သူမှန်းကွဲကွဲပြားပြားမသိသလို ထိုကလေးကလည်း လူပျောက်သွားသည်ဟုသာပြောလာတာမို့ နည်းနည်းတော့ စိတ်ပျက်မိသွားသည်။
"ကဲ သွား သွား"
ထိုကလေးထွက်သွားတော့ နှင်းဆီပန်းလေးကိုသာ စူးစိုက်ကြည့်မိသည်။
*မနက်ကလဲတစ်ပွင့် ခုလဲတစ်ပွင့် တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူး*
YOU ARE READING
Darling,you look perfect "TONIGHT"
FanfictionUnicode+Zawgyi ချစ်ခြင်းက ရယူခြင်းလား ပေးဆပ်ခြင်းလား? ကျွန်တော့်အတွက်ကတော့ ရယူခြင်းပဲ ဟုတ်တယ် ကျွန်တော်က ရမ္မက်ကြီးတယ် အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ်ကြီးတယ် ဒါတွေက ခင်ဗျားကို ချစ်လို့ ခင်ဗျားကိုမှ ချစ်မိသွားခဲ့လို့။ ဒါပေမဲ့........ခင်ဗျားကို ပိုင်ဆို...