My parasite 2

1.5K 168 14
                                    

Gem ကျောင်းခေါင်မိုးအစွန်းက အုတ်ဘောင်ပေါ်မှာ ခြေထောက်နှစ်ချောင်း‌တွဲလောင်းချကာထိုင်နေရင်း ဆေးလိပ်ငွေ့တွေကိုလေထုထဲ အားရပါးရမှုတ်ထုတ်လိုက်သည်။

ဒီနေ့က အထက်တန်းကျောင်းသားဘဝရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့် ‌မနက်ဖြန်ကစပြီး ဒီခေါင်မိုးပေါ်မှာ အခုလို ဆေးလိပ်လာခိုးသောက်လို့မရတော့....။
ဒါကြောင့် ဒီနေရာကိုနှုတ်ဆက်တဲ့အနေနဲ့ Gem ဒီမှာလာထိုင်ကာ အချိန်ဖြုန်းနေခြင်းဖြစ်သည်။
စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ ကျောင်းဝန်းထဲမှာသွားလာနေကြတဲ့ ကျောင်းသား ကျောင်းသူများစွာကို Gem အပေါ်စီးကမြင်နေရသည်။
တစ်ချို့က ရေကူးကန်နားမှာ.....
တစ်ချို့ကဘောလုံးကွင်းထဲမှာ......
တစ်ချို့က စာသင်ဆောင်တွေရှေ့ သစ်ပင်ကြီးတွေအောက်က ကျောက်သားစားပွဲတွေစီမှာ.....

marker pan ရောင်စုံကိုင်ကာ တစ်ယောက်အင်္ကျီပေါ် တစ်ယောက် အမှတ်တရစာကြောင်းလေးတွေရေးပြီးနှုတ်ဆက်နေကြတဲ့မြင်ကွင်းက ကြည်နူးဖွယ် လွမ်းမောဖွယ်..….

ဖင်စီခံနားကပ်နေပြီဖြစ်တဲ့ဆေးလိပ်ကို နောက်ဆုံးတစ်ချက်ရှိုက်ဖွာလိုက်ပြီး ခေါင်မိုးပေါ်ကနေအောက်ကိုတောက်ထုတ်လိုက်သည်။
မနက်ဖြန်ကစပြီး ကျောင်းလာစရာမလိုတော့ဘူးဆိုတဲ့အသိကြောင့်ရင်ထဲမှာဟာတာတာ.....။

Gem အုတ်ဘောင်ပေါ်က ပြန်ဆင်းပြီးနောက်လှည့်လိုက်တော့ marker pan တစ်ချောင်းကိုင်ကာ ထိုင်ခုံအ‌ဟောင်းတစ်ခုပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ ကပ်ပါးကောင်ကိုတွေ့ရသည်။

"ထူးထူးဆန်းဆန်းအသံတိတ်လို့ပါလား"

Gem သူ့စီလျှောက်သွားလိုက်ပြီး ဆံပင်တွေကိုဆွဲဖွလိုက်တော့ မော့ကြည့်လာတဲ့မျက်ဝန်းတွေက မှိုင်းညို့လို့။
ပါးမှာလဲ ဘယ်‌သူဆွဲပေးလိုက်မှန်းမသိတဲ့ အသည်းပုံအသေးလေးသုံးခုနဲ့ ရှပ်အင်္ကျီတစ်ထည်လုံး ရှုပ်ပွနေတဲ့ဒီကောင်လေးက
မူလတန်းကနေ အထက်တန်းအထိ Gem နောက်ကို အမြဲတမ်းမမောနိုင်မပမ်းနိုင် တကောက်ကောက်လျှောက်လိုက်တတ်တဲ့ ကပ်ပါးကောင်လေးတစ်ကောင်ဖြစ်သည်။
အထက်တန်းပြီးလို့ Uni တက်တဲ့အချိန်ကြ‌ရင်ရော ဒါလေးက Gem နောက်ကိုလျှောက်လိုက်နေနိုင်ပါအုံးမလား.....။
တခြားသူတစ်ယောက်နောက်ကိုပြောင်းပြီး လိုက်မှာလား......။
အဲ့လိုတွေးမိတော့ ရင်ဘက်တစ်ခုလုံးလစ်ဟာသွားကာ Gem မျက်ဝန်းတွေလည်းအရှေ့ကကောင်လေးလို မှိုင်းညို့သွားလေသည်။

My parasite (Completed)Where stories live. Discover now