My Parasite 4

1.7K 147 24
                                    

အူကြောင်ကြောင်မျက်နှာပေးနဲ့ လူကိုလာကြည့်နေတဲ့ ကောင်လေးထိုင်နေတဲ့ ဆုံလည်ကုလားထိုင်ကိုဆတ်ခနဲဆွဲလှည့်လိုက်ပြီး မျက်နှာလေးကိုပင့်ယူကာ ပါးဖောင်းဖောင်းတွေထဲကို Gem နှာဖျားတွေနစ်ဝင်သွားသည်အထိ ရှူး ခနဲနမ်းချပစ်လိုက်သည်။

အားပါး......မွှေးမှမွှေး....။

"Gem.....အဲဒါဘာလုပ်တာလဲ"

ကိုယ့်ပါးကိုယ်ကိုင်ကာ နားမလည်သလိုမေးလာတာကြောင့် နားလည်သွားအောင်ထပ်ရှင်းပြရပြန်သည်။

"ရှူး...."

"အဲ့တာဘာလုပ်တာလဲလို့...."

"ရှူး...."

"အဲ့ဒါ...."

စကားမဆုံးခင် Gem မျက်နှာကိုရှေ့တိုးလိုက်တော့ အူကြောင်ကျားလေးက Gem မျက်နှာကိုလက်ဖဝါးနဲ့တွန်းဖယ်ကာ အကြောက်အကန်အော်တော့သည်။

"သိပြီ....အဲ့ဒါဘာလုပ်တာလဲဆိုတာသိပြီ ထပ်မလုပ်နဲ့တော့"

အနေအထားက Fourth က ကုလားထိုင်ပေါ်မှာထိုင်နေရင်းနဲ့ Gem ကိုမော့ကြည့်နေပြီး Gem က ကုလားထိုင်လက်ရန်းနှစ်ဖက်ကိုလက်ထောက်ကာ Fourth ကိုပြန်လည်ငုံ့မိုးကြည့်နေခြင်းဖြစ်သည်။

တစ်ယောက်ရဲ့ ထွက်သက်ဟာတစ်ယောက်ပါးပြင်ကိုလာရောက်ထိခတ်မိသည်အထိ မျက်နှာနှစ်ခုဟာနီးကပ်လျှက်ရှိနေပေမယ့်
တစ်ယောက်မျက်ဝန်းကို တစ်ယောက်စူးစိုက်ကြည့်နေမိကာ နှစ်ယောက်စလုံး ဘယ်သူမှအကြည့်မလွှဲမိ။

"ဘာလို့ငါ့ကိုရှောင်နေတာလဲ"

အတင်းဖိကပ်နမ်းရှိုက်ထားတာကြောင့် နီမြန်းနေတဲ့ ပါးလေးတွေကိုတမေ့တမော ငေးစိုက်ကြည့်ရင်း Gem မေးလိုက်တော့ Fourth က

"အဲ့ဒီမေးခွန်းကိုမမေးခင် ဘာလို့ငါ့ကိုအခုလိုလုပ်တာလဲဆိုတာ အရင်ရှင်းပြသင့်တာမဟုတ်ဘူးလား Gem"

"လွမ်းလို့
ငါမင်းကိုအရမ်းလွမ်းလို့ပေါ့
မင်းငါ့အနားကအခုလိုရုတ်တရက်ကြီးပျောက်သွားတော့ ငါ့မှာဘယ်လောက်နေရခက်ပြီးကျန်နေခဲ့လဲဆိုတာမင်းသိရဲ့လား Fourth"

"မင်းငါ့ကိုအခုဖွင့်ပြောနေတာလား"

"သေချာတာပေါ့"

My parasite (Completed)Where stories live. Discover now