#Unicode
"ဟေ့ ... ပိုင် ...မောနင်း။ ဒီနေ့တိုက်တိုက်ဆိုင်ဆိုင်အခန်းထဲမရောက်ခင်တည်းကဆုံတာနော်"
အသံကိုကြားလိုက်တာနဲ့ နေမင်းပိုင်ရဲ့မျက်နှာက စိတ်ပျက်ခြင်းများနှင့်သုံမှုန်သွားသည်။ ဘာစကားမှပြန်မပြောသော သူငယ်ချင်းလေးဘေးမှာ မိုးရိပ်မှာတဟဲဟဲနဲ့အမှီလိုက်လာပြန်သည်။
"ပြန်နင်းအုံးလေကွာ"
"လည်မျိုကိုလား"
"အစ် ..."
မနာသည့်အပြင် တစ်ကယ်ပင် လည်ပင်းအစ်သလို မျက်လုံးပြူးကာ လျှာထွက်ပြသောမိုးရိပ်ကြောင့် ပိုင်တစ်ယောက်စိတ်ပျက်နေတဲ့ကြားမှ ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်။
အခန်းထဲရောက်တော့ ထုံးစံအတိုင်းဆရာမ မဝင်သေးတာကြောင့် ဟိုနားတစ်စု သည်နားတစ်စုနဲ့ ဆွေးနွေးပွဲကြီးတွေလုပ်နေကြသည်။
ဒါပေမဲ့ သူတို့အခန်းထဲဝင်လာတာနဲ့အားလုံးရဲ့အကြည့်တွေက သူတို့ဆီမှာ။ သူတို့ဆီမှာ ဆိုတာထက် ပိုင့်ဆီမှာလို့ပြောရင်ပိုမှန်ပါလိမ့်မည်။
ဘာတွေဖြစ်နေကြလို့လဲ။ ပိုင်ကလည်း ဒါကိုသတိထားမိတဲ့ပုံပါပဲ။ ဒါပေမဲ့ ဘာမှပြန်မမေးဘဲ သူထိုင်နေကြနေရာကိုသာ တန်းတန်းမတ်မတ် လျှောက်သွားသည်။
ထိုင်တဲ့နေရာရောက်မှ သူတို့တွေဘာလို့ ပိုင့်ကိုကြည့်နေကြလဲဆိုတာကိုသဘောပေါက်သည်။
ပိုင်ထိုင်တဲ့စားပွဲပေါ်မှာ နှင်းဆီပန်းအနီတစ်ပွင့်ရယ်စာတစ်စောင်ရယ်။ ပြီးတော့ စက္ကူ ဘူးလေးတစ်ဘူး။ ဒါကရှည်ရှည်ဝေးဝေး မေးနေစရာမလို။ ပိုင့်ကိုသဘောကျတဲ့တစ်ယောက်က လာတင်သွားတာပဲဖြစ်မည်။
ခုနက ရွှင်လန်းနေတဲ့ ကျွန်တော့်စိတ်တွေ ချက်ချင်းမလန်းဆန်းတော့တာကိုသတိပြုမိလိုက်သည်။ ပိုင့်ကိုကြည့်တော့ ထုံးစံအတိုင်း ခံစားချက်မရှိတဲ့ မျက်နှာသေနဲ့။ စက္ကူ ဘူးကို ပိုင်ကကောက်ကိုင်လိုက်သည်။ တခန်းလုံးရဲ့အကြည့်တွေနဲ့အတူ ကျွန်တော့်အာရုံကလည်း ပိုင့်လက်ထဲက စက္ကူ ဘူးလေးဆီမှာ။ဖွင့်ကြည့်လိုက်တော့ အသဲပုံသကြားလုံးလေးတွေကအပြည့်။
KAMU SEDANG MEMBACA
ပိုင် [ဝတ္ထုဗားရှင်း]
Fiksi UmumArtist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပ်ပြ