Part-6

208 23 2
                                    

ယန်ဂျောင်ဝန်းအတွက်တော့ ဒီညလေးဟာ သာယာနေခဲ့ပါတယ်~~

မနက်ရောက်တော့ ဂျောင်ဝန်းလေးဟာ ညက အပျော်လွန်ပီးအိပ်မပျော်လို့ ကျောင်းနောက်ကျနေပါတယ်

အဲ့တာနဲ့ကမန်းကတန်းထပြီး ပြင်လိုက်တယ် အောက်ကိုဆင်းလာတော့ ဂျေးဟျောင်းက ထိုင်စောင့်နေလေရဲ့

"ဂျေးဟျောင်း ဆောရီးနော် ကျွန်တော်
နောက်ကျသွားတယ်"

"သွားရအောင်လေ ဟျောင်း"

"သားငယ် ဂျောင်ဝန်းလေး မနက်စာမ
စားသွားတော့ဘူးလား"

"မစားတော့ဘူး မေမေရေ နောက်ကျနေပီမို့ ကျောင်းရောက်မှစားတော့မယ်"

"ဟုတ်ပီ သားလေး"

‌"မေမေသွားပီနော်"

"အေးအေး"

ကားထဲရောက်တော့

"ဝန်းလေး ရော့"

"ဟင် ဘာကြီးလဲဂျေးဟျောင်း"

"ဝန်းလေး စားဖို့အတွက် sandwich
curryနဲနဲလေးတော့ ထည့်ကြည့်ထား
တယ် အဆင်ပြေမလားတော့ မသိ"

"ရတယ်‌ ဂျေးဟျောင်း"

ဂျောင်ဝန်းလည်း တစ်ကိုက်စားကြည့်လိုက်တယ်

"ဝါးး ကောင်းလိုက်တာဟျောင်း အရမ်း
အရသာရှိတယ်"

"ဟုတ်လား ဝန်းလေးစားလို့ကောင်းရင်
ပြီးတာပါပဲ"
ဆိုပြီး ခေါင်းပုတ်သွားလေရဲ့

အင်း~~ ယန်ဂျောင်ဝန်းတစ်ယောက်တော့ ပါးတွေနီ နားရွက်တွေနီပြီး ဟိုဘက်လည့်သွားလေရဲ့

Time Skip><

At School,

"ဟျောင်း သွားပီနော်"

"ဟုတ်ပီဝန်း အပြန်ကျလည်း ကိုယ်လာခဲ့
မယ်"

"ဟုတ်ဟျောင်း"

အတန်းထဲရောက်တော့

"ယန်ဂျောင်ဝန်းးး"

"ဟာ ဆောနူရာ အော်ချလိုက်တာနားတောင်ကွဲတော့မယ် ဘာလဲပြော"

"ဟီးးဘာမှမဟုတ်ပါဘူး"

"ဟျောင့် ကျောင်းမတက်သေးဘူး
ကန်တင်းသွားမလား"

"ရတယ်လေ သွားမယ်"

ဂျောင်ဝန်းတို့သွားနေရင်းနဲ့ တစ်နေရာမှာ
ကောင်မလေးတွေကော ကောင်လေး‌တွေကော စုပုံနေတာပဲ ဘာဖြစ်တာလဲ မသိဘူး

'My Strawberry Boy' [ Jaywon ]Where stories live. Discover now