Part-10

126 11 2
                                    


ဒီနေ့ ကျောင်းက လေ့လာရေးခရီး
ထွက်မယ်ဟု ပြောလာတာကြောင့်
ယန်ဂျောင်ဝန်းတို့ကတော့ အလွန်ကို
ပျော်နေလေသည် ဟိဟိ
ကိုကိုနဲ့တူတူ သွားလို့ရတယ်လေ

လေ့လာရေးခရီးဟာ ပထမနှစ်၊
ဒုတိယနှစ်၊ တတိယနှစ် သုံးခု
ပေါင်း၍ ထွက်မည်ဖြစ်သည်
ဆရာမပြောတာတော့
၁၀ယောက်တစ်စု ပေးရမယ်တဲ့
ဆိုလိုတာက ကိုယ်နဲ့
တူတူသွားမည့်သူတွေ၏
နာမည်စာရင်းကို ပေးရမည်ဖြစ်သည်
  တည်နေရာကတော့
‌ကျောင်းက ဂျပန်နိုင်ငံနှင့်ပြည်တွင်း
ကို မဲပေးပြီး ရွေးခိုင်းသည်
မဲပိုများသည့်စီကို ကျောင်းက
လိုက်ပို့မည်ဖြစ်သည် မဲပေးရာတွင်
‌ဂျောင်ဝန်းတို့ တစ်ယောက်ကို
တစ်ခါပဲပေးခွင့်ရှိသည်
သူကတော့ အခုထိ
မဲမပေးရသေးပေ ကိုကိုက
တူတူသွားမည်ဟု ပြောထားသည်ကြောင့်ပင်

"ဂျောင်ဝန်း မင်းကိုကိုလာခေါ်နေပီ"

"အေး‌ ဆောနူ သွားပီ"

"ကိုကို!"

"ပြောပါဗျာ ကိုကိုရဲ့
စတော်ဘယ်ရီလုံးလေး"

"မဲသွားပေးမှာမို့လား"

"ဟုတ်တယ် ဝန်းလေးက ဘယ်ကို
မဲပေးမှာလဲ"

"သေချာပေါက် ဂျပန်ပေါ့ ကိုကိုရာ
ဘာမှန်းလဲမသိဘူး ဟွန့်!
ပြည်တွင်းနဲ့ဂျပန်တဲ့ ဘယ်သူက
ကြည့်ကြည့် ဂျပန်ပဲ ရွေးမှာပေါ့!!"

ဂျောင်ဝန်းမှာ မူကြိုကလေး
တစ်ယောက်လို ဂျေးကို
တိုင်‌နေသည် ဂျေးကတော့
သူ့ကလေးကို ကြည့်ရင်း
အသဲယားကာ
ဆွဲညှစ်ပစ်ချင်စိတ်များ ဖြစ်နေလေသည်

"ကိုကို!! ကလေးပြောတာ
ကြားရဲ့လား!! ဘာလို့ ပြုံးပြုံးရီး
ကြည့်နေတာလဲ!!"

"ကြားပါတယ် ကလေးရဲ့
ချစ်ဖို့ကောင်းလွန်းလို့ပါ"

"ဟွန့် ပီးရော သွားမယ်လာ!"

ဂျောင်ဝန်းတစ်ယောက်
ဂျေးရဲ့လက်ကို ဆွဲကာ
ခေါ်သွားလေသည်
ဂျေးကတော့ သူ့ကလေးကို
ကြည့်ရင်း တပြုံးပြုံးနှင့်
လိုက်သွားလေတော့သည်

ထိုဖြစ်ရပ်ကို ကြည့်နေတဲ့
ဆောနူလေးကတော့ ခေါင်းတခါခါ
နှင့်ပင် အတွဲတွေမကောင်းဘူး ဟူ၍...
သို့သော်လည်းသူကိုယ်တိုင်မှာပင် တစ်စုံတစ်ယောက်ရှိသည်ကို
မေ့နေခဲ့သည်

You've reached the end of published parts.

⏰ Last updated: Jun 27 ⏰

Add this story to your Library to get notified about new parts!

'My Strawberry Boy' [ Jaywon ]Where stories live. Discover now