Chapter 33

3.3K 443 5
                                    

ပြီးခဲ့တဲ့ ၂နှစ် စက်ရုံ မပိတ်ရသေးတဲ့ အချိန် တရုတ် နှစ်သစ်ကူးပြီး စက်ရုံ ပြန်ဖွင့်တိုင်း တံခါးဝမှာ မီးရှူးမီးပန်းတွေ ဖောက်လေ့ရှိသည်။ ကျိချာရဲ့ မိဘတွေ မတော်တဆ မဖြစ်ခင် က မီးရှူးမီးပန်းတွေ ဝယ်ထားခဲ့ကြသည်။ သူတို့ ဝယ်ပြီး မဖောက်ရသေးခင်မှာ သူတို့ နှစ်ယောက် မထင်မှတ်ပဲ ဆုံးသွားခဲ့သည်။

နောက်ပိုင်း ကျိချာ စက်ရုံကို ရှင်းလင်းရေး လုပ်တဲ့ အချိန်တုန်း က ဂိုဒေါင်ထဲမှာ သိမ်းထားခဲ့သည်။

မီးရှူးမီးပန်းတွေကို လွှင့်မပစ်ခဲ့လို့ တော်သေးတယ် ပြောရမယ်။ မဟုတ်ရင် အခုလို အချိန်မှာ ဖုတ်ကောင်တွေရဲ့ အာရုံကို စွဲဆောင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကျိချာ စဉ်းစားလို့ မရနိုင်လောက်ပေ။

"အဲဒါတွေ က ဒီမှာ!" 

ကျိချာ က ပစ္စည်းတွေ ကို ခွဲခြားကာ သိမ်းထားခဲ့ပြီး ဂိုဒေါင်ထဲမှာ ပစ္စည်းတွေ သိပ်မရှိတာကြောင့် ရှာရလွယ်ကူခဲ့သည်။

နှစ်အတော်ကြာအောင် သိမ်းထားတဲ့ မီးရှူးမီးပန်းတွေကို ငုံ့ပြီး ဆွဲထုတ်လိုက်သည်။ ၄၆ချက်လောက် ဖောက်လို့ ရတဲ့ စတုရန်းပုံ မီးရှူးမီးပန်း တစ်ခုနဲ့ အချက် ၁၀၀လောက် ဖောက်လို့ရတဲ့ မီးရှူးမီးပန်းတွေ ရှိနေခဲ့သည်။

လျန်ကျင်းချန် က အရှေ့ကို တက်လာပြီး ၆၄ချက် ဖောက်လို့ရတဲ့ မီးရှူးမီးပန်းကို ယူကြည့်လိုက်သည်။ မီးရှူးမီးပန်း က ကျိချာလို သာမန်လူအတွက် နည်းနည်း ကြီးနေတယ် ထင်ရသော်လည်း လျန်ကျင်းချန်ရဲ့ လက်ထဲမှာတော့ တော်တော်ပေါ့နေခဲ့သည်။

"အောက်ထပ်ကနေ ဝေးနိုင်သမျှ ဝေးအောင်ချိန်ပြီး ဖောက်လိုက်လေ။ အဲဒါက စက်ရုံ တစ်ဝိုက်က ဖုတ်ကောင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်"

ကျန့်ရှင်း က ၂ရက်လောက် မုတ်ဆိတ် မရိပ်ရသေးလို့ ယားနေတဲ့ မေးစေ့ကို ပွတ်လိုက်ပြီး ပြောလာခဲ့သည်။

"မရဘူး"

"မဖြစ်ဘူး"

လျန်ကျင်းချန် နဲ့ ကျိချာ က တစ်ချိန်တည်း တစ်ပြိုင်တည်း ကို ငြင်းပယ်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လျန်ကျင်းချန် က

ကမ္ဘာပျက်ကပ်မှာ စိုက်ပျိုး​ရင်းနဲ့ အလုပ် ရှုပ်​နေတယ်Where stories live. Discover now