Chapter 40

3.1K 428 2
                                    

ကျိချာ လုံးဝကို ကြက်သေ သေသွားခဲ့သည်။

သူက ကျန့်ရှင်း ကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် လျန်ကျင်းချန်ကို ပြန်လှည့်ကြည့်လိုက်သည်? သူ့ရဲ့ ဦးနှောက်ထဲမှာ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဖုတ်ကောင်တွေနဲ့ ပြည့်ကျပ်နေသမျိုး သူ့ဦးနှောက် က တုန်လှုပ်နေတယ်လို့ ခံစားလိုက်ရသည်။ သူ့ဦးနှောက်ထဲမှာ ဖုတ်ကောင်တွေ ရှိနေပြီး သူ့ဦးနှောက်ကို စားသွားလို့ ဗလာ ဖြစ်သွားပုံရသည်။ 

သူ့ကိုယ်ပိုင် ဦးနှောက်ရဲ့ တွေးတောနိုင်စွမ်းနဲ့ အခုလေးတင် ဖြစ်ပျက်သွားခဲ့တာတွေကို ရှင်းပြလို့ မနိုင်ဘူးဟု ကျိချာ ခံစားလိုက်ရသည်။

'လျန်ကျင်းချန် က ဘာဖြစ်လို့ သူ့ကိုယ် လာနမ်းတာလဲ?'

ဒါပေမယ့် လက်ရှိအခြေအနေက သူ့ကို အတွေးတွေများဖို့ ခွင့်မပြုခဲ့ပေ။ လက်နှိပ်ဓာတ်မီး အလင်းရောင် က ကျန့်ရှင်း ကို ရုတ်တရက် ဖြတ်သွားပြီးနောက် ရပ်သွားပြီး အနောက်ကို ရွှေ့သွားခဲ့သည်။

"ဟိုမှာ လူတစ်ယောက် ရှိနေတယ်!"

 ခြံစည်းရိုး အပြင်ဘက်ကနေ အော်ပြောလိုက်တဲ့ အသံကို ကြားလိုက်ရသည်။

ကျန်းရှင်း မျက်လုံးတွေ ကို မှေးလိုက်ပြီး အပြင်ကို ကြည့်လိုက်တော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ မပြောနိုင်ပေမယ့် လူတစ်ချို့ရဲ့ ခေါင်းတွေကိုသာ မြင်လိုက်ရသည်။ ဒါပေမယ့် သူကြောင့် ဒီမှာ လူတွေ နေတယ်ဆိုတာ ကို ဖော်ထုတ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ လျန်ကျင်းချန် က သူ့ခေါင်းကို ဖြတ်တော့မှာလားဆိုတာ ကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းဆိုသလို ကျိချာဆီကို အမြန်ပြေးသွားပြီး ပြောလိုက်သည်။

 "ကလေးတွေလိုမျိုး ချစ်ကြည်နူးမနေနဲ့။ မြန်မြန် ထပြီး ကူညီစမ်းပါ!"

အဲဒီစကား က ကျိချာကို နှိုးလိုက်သလို ဖြစ်သွားပြီး ယောင်ပြီး ပြောလိုက်မိသည်။

"အိုး၊ အိုး" 

ထို့နောက် ပါးစပ်ကို ပိတ်လိုက်ပြီး သူ့ရဲ့ ပါးပြင်တွေ က မီးတောက်တွေလို နီရဲလာခဲ့သည်။ လျန်ကျင်းချန် ရှိတဲ့ နေရာ ကို လှည့်မကြည့်ရဲသလို လျန်ကျင်းချန်နဲ့လည်း စကားမပြောချင်တော့တာကြောင့် ခပ်မြန်မြန်ပဲ ကျန့်ရှင်း နောက်ကို လိုက်သွားခဲ့သည်။ သူတို့ က အပေါ်ထပ်ရှိ အိမ်လေးဆီကို ပြေးသွားပြီး ခန္ဓာကိုယ်ကို မမြင်အောင် အကာအကွယ် တစ်ခုယူကာ တစ်ဖက်ပဲ မြင်ရတဲ့မှန်ထဲကနေ လှမ်းကြည့်လိုက်သည်။

ကမ္ဘာပျက်ကပ်မှာ စိုက်ပျိုး​ရင်းနဲ့ အလုပ် ရှုပ်​နေတယ်Where stories live. Discover now