2011 ခုနှစ်။
လေပြေနှင့်အတူ သက်ပြင်းတစ်ချက်။မတည်မြဲေသာ အရာများ။ထိုပြင် သံယောဇဉ်ဆိုသော အရာ သက်ရှိ၊သက်မဲ့ မည်သည်တွင်မဆို တွယ်တာတတ်သော။
"ဘာတွေ ယူဖို့ကျန်သေးလဲ"
"အကုန်ထည့်ပြီးပြီအဖ"
၀မ်းနည်းမှုတစ်ချို့သည် အမည်တပ်မရစွာ။
"အဲ့လောက် မျက်နှာကြီး ညှိုးမနေပါနဲ့ကွာ။ကိုယ့် မွေးရပ် ကိုယ် ပြန်ရတော့မှာကို ၀မ်းသာသင့်တယ်မဟုတ်ဘူးလား။ဘာလဲ မင်းက ဒီမှာထပ်နေချင်သေးတာလား"
"မဟုတ်ပါဘူးဗျာ။ကျွန်တော်ရှမ်းပြည်ကို လွမ်းတာ မှန်ပေမယ့် ကျွန်တော့်ကို အမြဲအဖော်ပြုပေးနေတဲ့ ဒီအိမ်ကြီးရယ် ကျွန်တော့်အိပ်ယာ ကျွန်တော့်အခန်း နည်းနည်း စိတ်မကောင်းဖြစ်မိသွားလို့ပါ။5 နှစ်တောင် ရင်းနှီးကျွမ်း၀င် ရှိပြီးသားကို ခွဲခွာရတာဆိုတော့လေ။"
"မင်း ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရတာပဲလေ။ဒီတိုက်ကို ငါက မင်းကို အမွေပေးထားတာလေ"
အိုက်ဆိုင်း ရန်ကုန်တက္ကသိုလ် တက်ထဲက ဦးလေးကထိုအိမ်ကိုအမွေပေးထားခြင်းပင်။အိမ်မူလပိုင်ရှင်ကေတာ့ အိုက်ဆိုင်းဦးေလးအရင်း ဗိုလ်မှူး (အငြိမ်းစား)တစ်ယောက် ဦးစဝ်ယီမော့ခမ်းပင်ဖြစ်သည်။
"အရာရာတိုင်းအတွက် ကျေးဇူးပါဦးလေး။ကျွန်တော် ဦးလေး သင်ထားတာတွေ ဘယ်တော့မှ မမေ့ပါဘူး"
"အေးပါ အပြောကတော့ လူတိုင်းတတ်ပါရဲ့။လက်တွေ့ ကျမကျ ကတော့ စောင့်ကြည့်မှပဲသိမှာပေါ့။သတိထပ်ေပးချင်တာက အမြဲသတိရပါ အိုက်ဆိုင်း ငါတို့ကရှမ်းစော်ဘွားတွေဆိုတာ။ကိုယ့်လုပ်ရပ်ကိုယ်တာ၀န်ယူရမယ်။ဘယ်ေတာ့မှ မျက်ရည်မကျနဲ့။မင်းခံစားချက်ကို ရှေ့တန်းမတင်နဲ့။မင်းကို လိုအပ်တာတွေ အကုန်တစ်ခုမကျန် သင်ပေးခဲ့ပြီးပြီ။ဆက်ခံသူေနရာ ရောက်ဖို့ ငါမင်းကို မျှော်လင့်ခဲ့တာနော်။ငါ့ယုံကြည်ချက်ကို မဖျက်စီးမိစေဖို့မျှော်လင့်ပါရဲ့။"
"ကျွန်တော် ကြိုးစားပါ့မယ်။"
များလှစွာသော တာ၀န်တွေကြား မွန်းကျပ်မှုများ။
YOU ARE READING
"One in a million"[ Ongoing]
Romanceဤရှိအကြောင်းအရာများသည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ထိပါးတိုက်ခိုက်လိုခြင်းမဟုတ်။တိုက်ဆိုင်မှုများရှိခဲ့သော် ၀တ္ထုတစ်ခုအနေဖြင့်သာမြင်ပေးပါရန် တောင်းဆိုပါသည်။