အတိတ်သည် ပြီးဆုံးခဲ့လေသော်လည်း အရိပ်ပမာလိုက်နေဆဲဖြစ်လေသည်။တစ်ချို့ေသာလူတို့၏ လောဘနှင့်ရမ္မက်ကြောင့် အရာရာသည် ပျက်စီးခဲ့လေသည်။တာ၀န်နှင့်၀တ္တရားဟူသော စကားလုံးများကိုသာ ရှေ့တန်းတင် အလွဲသုံးစားပြုလုပ်နေကြလေသည်။ကိုယ့်အပိုင်မဟုတ်သည့်/ မဆိုင်သည့် ပစ္စည်း အရာများကိုလည်း တပ်မက်နေကြပါသေးသည်။ထိုသူများကြောင့် တစ်ချို့သောမိသားစု တွေဟာ ကွဲကွာခဲ့ကြပါသတဲ့။
_______
အိုက်ဆိုင်း တစ်ကယ်ပင် စဉ်းစားရကျပ်နေသည်။မိမိတို့မှာ ရှမ်းစော်ဘွား ဖြစ်သော်လည်း ဟော်နန်း ကိုမမြင်ဖူးပေ။တက္ကသိုလ်သွားတက်သောအခါမှပင် ဟော်နန်းဟူသည်ကို ကြားဖူးသည်။မေး၍လည်းမရ။ထို့ပြင် အဖတို့က ဟော်နန်း တွေကို သွားရောက်ခွင့် ပိတ်ပင်ထားသည်။လူကြီးတွေ၏ မှာကြားချက်ကို ကျွန်တော်တို့ငြင်းဆိုခွင့်မရှိပေ။အပြစ်ဒဏ်တွေက များသည်မဟုတ်လား။
ထို့အပြင် ရွာတွင် ဟော်နန်းဟူသည့် စကားသံလေးပင် မကြားရဖူးပေ။ထိုအရာများကို သာမန် တွေးခဲ့သော်လည်း အခုတော့ စဉ်းစားစရာတွေဖြစ်လို့နေပေသည်။ကျွန်တော်တို့မသိသေးသော ကိစ္စများလည်း ရှိသေးသည့်ပုံပင်။
"ဟမ်။ဒါ ဟော်နန်းမှန်း မင်းတို့ကတစ်ခါမှမမြင်ဖူးပဲဘယ်လိုသိတာလဲ"
"ဒီမှာရေးထားတာလေ သေချာကြည့်ဦး ဟော်နန်းဆိုပြီး
ခုနှစ်၊ ရက် နဲ့အတူ"*1906 ခုနှစ် ၊ ဇွန်လ 23 ရက်*
"မင်း လက်ကြီးနဲ့ ဖိထားတာလေ ငါကဘယ်လိုမြင်မှာလဲ"
"ဒီထဲကပုံက ဟော်နန်းက ဘယ်ကဟော်နန်း လဲ။ပြီးတော့ ဘယ်သူ့ ဟော်နန်းလဲ။ ဒီဓာတ်ပုံထဲက အမျိုးသားနဲ့အမျိုးသမီးကကော ဘယ်သူတွေလဲ။"
"ဟော်နန်းဆိုပြီး ရှေ့က စာတွေကပျက်နေတယ်ရော်"
* တောထဲ၌ မီးရောင်ရှိသော အိမ်လေးကို မြင်နေရသော်လည်းမည်သည့် လမ်းက သွားရမည် မသိသော လူကဲ့သို့ပင်*
ထိုကောင်လေးသုံးယောက်တို့၏ စိတ်၌ သိလိုစိတ်တို့ကြီးစိုး နေလေသည်။ ငယ်ငယ်က စာထဲတွင် ရှမ်း/ရှမ်းစော်ဘွားတို့အကြောင်း သမိုင်းစာ၌သင်ရသော်လည်း ဟော်နန်း အကြောင်း မပါခဲ့ပေ။
YOU ARE READING
"One in a million"[ Ongoing]
Romanceဤရှိအကြောင်းအရာများသည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ထိပါးတိုက်ခိုက်လိုခြင်းမဟုတ်။တိုက်ဆိုင်မှုများရှိခဲ့သော် ၀တ္ထုတစ်ခုအနေဖြင့်သာမြင်ပေးပါရန် တောင်းဆိုပါသည်။